ရှေ့သို့
Image

လီဂူးဝမ်းပွဲစဉ်(၁၈) လိုင်လီ - လိုရီယန့် ပွဲကြိုခန့်မှန်းချက် (ညနေ - ၆း၃၀)

8:00 AM, 14 January

ဒဏ်ရာရ/ပွဲပယ်

လိုင်လီ - ဘန်တာလက်ဘ်၊ အူနက်စ်(သေချာပေါက်လွဲ)၊ ကာဗယ်လီရို၊ ဒိုင်ယာကီတေး၊ ဒီယာလို(မသေချာ)။ 

လိုရီယန့် - ဒူကူရီ၊ ဂိုမစ်၊ ကာလူလူ၊ မန်ဒီ၊ တယ်လ်ဘီ၊ ယွန်ဂွါ(သေချာပေါက်လွဲ)၊ ဘာကာယိုကို၊ ဘွိုက်စ်ဂတ်၊ လာပေါ်တေး၊ မူယိုကိုလို(မသေချာ)။ 


ပုံစံကောင်းတောက်လျှောက်ရခဲ့တဲ့လိုင်လီက ရုတ်တရက် နောက်ဆုံး ၃ ပွဲဆက်နိုင်ပွဲပျောက်ခဲ့တာကြောင့် အဆင့် ၅ နေရာအထိဆင်းပေးလိုက်ရပါပြီ။ ဒါပေမယ့် ပြီးခဲ့ပွဲက ပြည်တွင်းဖလားပွဲစဉ်မှာ ဂိုး ၁ ဒါဇင်အထိသွင်းခဲ့တာကြောင့် တိုက်စစ်ပိုင်းက ပုံစံကောင်းရနေပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲဆက်နိုင်ပွဲပျောက်ဆုံးထားတဲ့ လိုရီယန့်ကလည်း တန်းဆင်းဇုန်ထဲရောက်နေပါပြီ။ ခံစစ်ပိုင်းကလည်း တစ်ပွဲကို အနည်းဆုံး ၂ ဂိုးလောက်ပေးနေရတာကြောင့် ဒီပွဲမှာလည်း ဂိုးပေးရဖို့ကသေချာနေပါတယ်။ အိမ်ရှင်တို့ ဂိုးပြတ်နိုင်ပွဲဖော်ဆောင်သွားမှာပါ။ 

.

လိုင်လီ - လိုရီယန့် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်

-----------------------------------------------------------

လိုရီယန့် ၄ - ၁ လိုင်လီ (၂၇-သြဂုတ်-၂၀၂၃)

လိုင်လီ ၃ - ၁ လိုရီယန့် (၂-ဧပြီ-၂၀၂၃)

လိုရီယန့် ၂ - ၁ လိုင်လီ (၂-အောက်တိုဘာ-၂၀၂၂)

လိုင်လီ ၃ - ၁ လိုရီယန့် (၂၀-ဇန်နဝါရီ-၂၀၂၂)

လိုရီယန့် ၂ - ၁ လိုင်လီ (၁၁-စက်တင်ဘာ-၂၀၂၁)

.

လိုင်လီ နောက်ဆုံး (၅) ပွဲရလဒ်

----------------------------

လိုင်လီ ၁၂ - ၀ Golden Lion (၆-ဇန်နဝါရီ-၂၀၂၄)

စထရာဘော့ ၂ - ၁ လိုင်လီ (၂၁-ဒီဇင်ဘာ-၂၀၂၃)

လိုင်လီ ၁ - ၁ ပီအက်စ်ဂျီ (၁၈-ဒီဇင်ဘာ-၂၀၂၃)

လိုင်လီ ၃ - ၀ KI ကလက်ဆစ် (၁၅-ဒီဇင်ဘာ-၂၀၂၃)

ကလာမွန် ၀ - ၀ လိုင်လီ (၁၀-ဒီဇင်ဘာ-၂၀၂၃)

.

လိုရီယန့် နောက်ဆုံး (၅) ပွဲရလဒ်

--------------------------------

ဆိုးချော့စ် ၂ - ၁ လိုရီယန့် (၆-ဇန်နဝါရီ-၂၀၂၄)

ဘရက်စ် ၄ - ၀ လိုရီယန့် (၂၁-ဒီဇင်ဘာ-၂၀၂၃)

လိုရိယန့် ၁ - ၂ စထရာဘော့ (၁၇-ဒီဇင်ဘာ-၂၀၂၃)

လိုရီယန့် ၂ - ၄ မာဆေးလ် (၁၁-ဒီဇင်ဘာ-၂၀၂၃)

တူးလော့စ် ၁ - ၁ လိုရီယန့် (၃-ဒီဇင်ဘာ-၂၀၂၃)


#ပွဲကြိုသုံးသပ်ချက် #လိုင်လီ #လီဂူးဝမ်း #လိုရီယန့်