ရှေ့သို့
Image

ဘရိုက်တန်တိုက်စစ်မှူး အီဗန် ဖာဂူဆန်ကို ခေါ်ယူလိုက်ခြင်းဖြင့် ဗြိတိန်အပြောင်းအရွှေ့စံချိန်ကို ထပ်မံချိုးဖျက်ဖို့ရှိနေတဲ့ ချဲလ်ဆီး

1:53 PM, 13 January

ချဲလ်ဆီးအသင်းဟာ ဘရိုက်တန်နှင့် အိုင်ယာလန်တိုက်စစ်မှုး ဖာဂူဆန်ကို အချိန်အတော်ကြာ စောင့်ကြည့်နေတာဖြစ်ပါတယ်။ ခြင်္သေ့ပြာတွေဟာ ဘရိုက်တန်ထံမှ ကူကူရယ်လာ၊ ကိုင်စီဒိုတို့အပြင် နည်းပြ ပေါ်တာနှင့် နည်းပြအဖွဲ့ဝင်တွေကို ခေါ်ယူခဲ့ပြီး ဘရိုက်တန်နှင့် ကောင်းမွန်သောဆက်ဆံရေးရှိနေတာ ဖြစ်ပါတယ်။

သို့သော်လည်း ဖာဂူဆန်ဟာ နိုဝင်ဘာလတွင် ကလပ်နှင့်စာချုပ်သစ် ချုပ်ဆိုခဲ့တာကြောင့် ကိုင်စီဒိုအတွက် ရရှိခဲ့တဲ့ ဗြိတိန်စံချိန်တင်ကြေး ပေါင် ၁၁၅ သန်းထက် ပိုတန်တယ်လို့ ဘရိုက်တန်က ယုံကြည်နေပါတယ်။
ဒါ့အပြင် ဖာဂူဆန်ကိုယ်တိုင်က အသင်းကနေ ထွက်ခွာဖို့ အလျင်စလို မရှိဘူးလို့လည်း ထင်ရပါတယ်။

ဖာဂူဆန်ရဲ့ အထင်ကြီးလောက်တဲ့ စွမ်းဆောင်ရည်များကြောင့် ပြီးခဲ့တဲ့ နွေရာသီက ယူနိုက်တက်နှင့် ဟယ်ရီကိန်းရဲ့ နေရာကို အစားထိုးဖို့လုပ်ဆောင်နေတဲ့ တော့တင်ဟမ်တို့ရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပါတယ်။
ချဲလ်ဆီးဟာ တိုက်စစ်မှူးတစ်ဦးကို ရှာဖွေရာတွင် နာပိုလီမှ ဗစ်တာအိုစီမန်နှင့် ဘရန့်ဖို့ဒ်မှ အိုင်ဗန်တိုနေးတို့ကိုပါ ချိတ်ဆက်နေပါတယ်။

အဆိုပါ ခေါ်ယူမှုနှစ်ခုစလုံးဟာ ကြီးမားသော ပြောင်းရွှေ့ကြေးအပြင် တစ်ပတ်လုပ်ခ ပေါင် ၂၀၀၀၀၀ လောက် ပေးရမှာလည်းဖြစ်ပါတယ်။ သို့သော်လည်း ဖာဂူဆန်အတွက် အပြောင်းအရွေ့တစ်ခုက ချဲလ်ဆီးရဲ့ လုပ်ခလစာပုံစံ ထိန်းသိမ်းနိုင်ဖို့ရှိနေပြီး အကောင်းဆုံးခြေစွမ်းရှိနေတဲ့ ကစားသမားကို ရင်းနှီးမြှပ်နှံရာလည်းကျနေပါတယ်။

နောက်ထပ် လိဂ်ပြိုင်ပွဲမှာ ရလဒ်တွေမကောင်းနေသော်လည်း ချဲလ်ဆီးအနေနဲ့ တိုက်စစ်မှူးတစ်ဦး လိုအပ်တာကို မဖြေရှင်းခင် နွေရာသီအထိ စောင့်ရဖွယ်ရှိနေပါတယ်။ ၈ ဂိုးသာ သွင်းယူထားနိုင်တဲ့ တိုက်စစ်မှူး နီကိုလတ်စ်ဂျက်ဆင်ဟာ အသင်းအတွက် ဂိုးရရှိဖို့ မျှော်လင့်တစ်ခုဖြစ်ပြီး ရာသီဝက်မှာလည်း တွန်းပေးမှုတွေရှိနေတယ်လို့ ထင်ရပါတယ်။

ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားတွင် အဆင့် ၁၀ မှတက်လှမ်းဖို့အရေးနဲ့ ဥရောပဝင်ခွင့်ရရှိရေး စိန်ခေါ်မှုတွေအတွက် ဖိအားများ ရှိလာနေပါတယ်။ ဥရောပဝင်ခွင့် နှစ်ရာသီဆက် မရရှိခြင်းဟာ ချဲလ်ဆီးရဲ့ နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွက် ဘဏ္ဍာရေးဆိုင်ရာ အကျိုးဆက်များ ဖြစ်လာနိုင်ပါတယ်။

ကလပ်ရဲ့ အသုံးစရိတ်စာရင်းကို ချိန်ညှိရန်အတွက် ဂယ်လာဂါနှင့် ချာလိုဘတ်ချ်ကဲ့သို့ ကစားသမားတွေက အသင်းကနေထွက်ခွာဖို့ ဖိအားတွေရှိနေပါတယ်။ အဆိုပါ ကစားသမားနှစ်ဦးစလုံးဟာ အသင်းမှ ထွက်ခွာရန် ချိတ်ဆက်မှုများ ရှိနေကြပြီး ဆိုးရွားတဲ့ရာသီတွေက ချဲလ်ဆီးအတွက် ကစားသမားရောင်းချဖို့ တွန်းအားဖြစ်နေပါတယ်။ #ချဲလ်ဆီး #ဘရိုက်တန် #အပြောင်းအရွှေ့ #ဖာဂူဆန် #ကူကူရယ်လာ