ရှေ့သို့
Image

ဒီနွေရာသီမှာ တန်ဟက် ယူနိုက်တက်ကနေ ထွက်ခွာဖွယ်ရှိကြောင်း ပြောကြားလိုက်တဲ့ ခရစ္စဆက်တန်

10:48 AM, 13 January

တန်ဟက်ဟာ ၂၀၂၂ ခုနှစ် နွေရာသီတွင် အိုးထရက်ဖို့ဒ်မှာ စတင်တာဝန်ယူခဲ့ပြီး ၆ နှစ်အတွင်းပထမဆုံး ဆုဖလားဖြစ်တဲ့ ကာရာဘောင်းဖလား ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။ တန်ဟက်ရဲ့ပထမဆုံးရာသီတွင် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်တွင် အဆင့် ၃ နေရာဖြင့် ရာသီသိမ်းနိုင်ခဲ့သလို အက်ဖ်အေဖလားမှာလည်း ဒုတိယနေရာရရှိခဲ့ပါတယ်။

နယ်သာလန်သားဟာ ယခုအချိန်အထိ ခက်ခဲတဲ့ ၂၀၂၃-၂၄ ရာသီကို ကြံ့ကြံ့ခံထားပြီး ပွဲ ၂၀ ကစားအပြီးမှာတော့ ယူနိုက်တက်မှာ အဆင့် ၈ နေရာတွင် ရပ်တည်နေပြီး ချန်ပီယံလိဂ်မှလည်း ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ တန်ဟက်ဟာ သူ့ရဲ့ကစားပုံနှင့် ကစားသမားခေါ်ယူမှုများအတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး ဒေါ့မွန်သို့ အငှားသွားရောက်ခဲ့တဲ့ ဆန်ချိုအား ဆက်ဆံပုံနှင့်ပတ်သက်ပြီး ဝေဖန်ခြင်းခံနေရပါတယ်။

"ယူနိုက်တက်မှာ ဆန်ချိုက တန်ဟက်ကို ကျော်လွန်နိုင်မယ့်အပေါ် ကျွန်တော် သံသယရှိပါတယ်" "ဒါဟာ ဒီအတိုင်းပဲ ပြီးဆုံးသွားပါပြီ။ ရာသီကုန်မှာ ယူနိုက်တက်သို့ ပြန်လာမှာဖြစ်ပေမယ့် ကျွန်တော် သံသယရှိနေပါတယ်" "တန်ဟက်က သူလုပ်နေတဲ့လမ်းအတိုင်း ဆက်လျှောက်နေတယ်ဆိုရင် ရာသီကုန်မှာ သူထွက်ရမယ်လို့ ထင်ပါတယ်" လို့ ဆက်တန်က ပြောပါတယ်။

ယူနိုက်တက်ဟာ ဘုန်းမောက်ကို အိမ်ကွင်းမှာ ၃-၀ ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားပါတယ်။ တန်ဟက်ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ ဝီဂန်ကို အနိုင်ယူခဲ့ပြီး တနင်္ဂနွေနေ့မှာ တော့တင်ဟမ်ကို အိမ်ကွင်းမှာ ဧည်ခံကစားရမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အဲရစ်တန်ဟက် #ခရစ္စဆက်တန် #ပရီးမီးယားလိဂ်