ရှေ့သို့
Image

ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားတွေကို ခေါ်ယူဖို့ စည်းမျည်းပြောင်းလဲလိုက်တဲ့ ဆော်ဒီလိဂ်

1:55 PM, 12 January

နိုင်ငံခြားကစားသမားတွေအတွက် စည်းမျည်းအသစ်ပြောင်းလဲပြီးနောက် ဆော်ဒီပရိုလိဂ်ဟာ သူတို့ရဲ့အပြောင်းအရွှေ့နည်းစနစ်ကိုပြောင်းလဲဖို့ လုပ်ဆောင်လာပါတယ်။

ပြီးခဲ့တဲ့ ၁၂ လတုန်းက ဆော်ဒီကလပ်တွေဟာ ကစားသမားတွေ ခေါ်ယူဖို့ ပေါင်သန်း ၇၀၀ လောက်အထိ အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ အဲ့ထဲမှာ ရော်နယ်ဒို ၊ ဘန်ဇီးမား ၊ နေမာ ၊ မာနေး ၊ ဖာမီနို ၊ မာရက်ဇ်နဲ့ ဟန်ဒါဆန်တို့လို ကစားသမားတွေပါဝင်နေပါတယ်။

ရော်နယ်ဒိုနဲ့ ဘန်ဇီးမားတို့က ဘော်လွန်းဒီအော်ဆုရှင်တွေဖြစ်ပြီး ကျန်ကစားသမားတွေက ချန်ပီယံလိဂ်ဖလားရဖူးတဲ့ ကစားသမားတွေဖြစ်ကာ ဆော်ဒီလိဂ်ကို တိုးတက်အောင်လုပ်ဆောင်ပေးနိုင်တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆော်ဒီလိဂ်ဟာ ကစားသမားဘဝနေဝင်ချိန်ရောက်နေတဲ့သူတွေကို ခေါ်ယူတာကြောင့် ရေရှည်အတွက် အဆင်မပြေနိုင်တာဖြစ်ပါတယ်။

Daily Mail ရဲ့အဆိုအရ ဆော်ဒီကလပ်တွေဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မတိုင်ခင် စည်းမျည်းအသစ်နဲ့အတူ နိုင်ငံခြားကစားသမားတွေကို ဆွဲဆောင်ဖို့ လုပ်ဆောင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲ့ထဲမှာ ကစားသမားတွေရဲ့အသက်ကန့်သတ်မှုတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

အဆိုပါအချက်ကြောင့် ဆော်ဒီကလပ်တွေဟာ သက်ကြီးကစားသမားတွေအစား လူငယ်ကစားသမားတွေကို အစားထိုးခေါ်ယူဖို့ လုပ်ဆောင်လာဖွယ်ရှိနေပါတယ်။ ဆော်ဒီလိဂ်ရဲ့စည်းမျည်းအသစ်ကြောင့် အားကစားရပ်ဝန်းအတွက် မျက်ခုံးလှုပ်စရာဖြစ်လာနိုင်ပြီး အခုအပတ်အစောပိုင်းသတင်းတွေအရ ဆော်ဒီကလပ်တွေဟာ ခေါ်ယူမယ့်ကစားသမားစာရင်းတောင်လုပ်ထားပြီးပြီလို့ သိရပါတယ်။

“ဆော်ဒီမြေက ဘောလုံးအားကစားနှစ်သက်တဲ့မြေပါ။ ကျွန်တော်တို့ စည်းမျည်းအသစ်လုပ်ဆောင်နေပါတယ်။ ဒီရာသီအသစ်မှာ စတင်မိတ်ဆက်မှာပါ။ ရေရှည်အတွက် အဆင်ပြေအောင် လုပ်ဆောင်သွားမှာပါ။ အရာအားလုံးက မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို သွားနေပါတယ်။ ကျွန်တော်တို့က အရမ်းကိုမှချမ်းသာတဲ့အနေအထားမှာ ရှိနေပါတယ်။ သို့ပေမယ့်လည်း ဘောလုံးဆိုတာက ဘယ်တော့မှရပ်တန့်မနေပါဘူး။ ဒါက ရှည်လျားတဲ့ခရီးစဉ်အတွက် ပထမဆုံးသောခြေလှမ်းလိ့ု ဆိုရမှာပါ”လို့ ပရိုလိဂ်ဒုဥက္ကဌ ဆက်ဒ်အလာဇီးက ပြောကြားခဲ့ပါတယ်။

#မာနေး #ရော်နယ်ဒို #ဘန်ဇီးမား #နေမာ #ဆော်ဒီ