ရှေ့သို့
Image

တော့ဘိုလီတောင်းတဲ့ဈေးကို ပေးပါကဂယ်လာဟာကို လက်လွှတ်ရဖွယ်ရှိနေတဲ့ ချဲလ်ဆီး

11:29 AM, 12 January

တော့တင်ဟမ်ဟာ ဇန်နဝါရီဈေးကွက်အလုပ်များဆုံး ဖြစ်နေပြီး တီမိုဝါနာကို အငှားဖြင့် ခေါ်ယူခဲ့သော်လည်း ဘိုင်ယန်မြူးနစ်ကိုငြင်းပယ်ခဲ့တဲ့ ဂျီနိုအာခံစစ်မှုး ဒရာဂူဆင်ကို ပေါင်သန်း ၃၀ ဖြင့် ခေါ်ယူနိုင်ခဲ့ပါတယ်။

သို့သော်လည်း ပိုစတီကိုဂလူရဲ့ သုံးစွဲမှုက မပြီးဆုံးသေးဘဲ ကွင်းလယ်ကစားသမားအသစ် တစ်ဦးကို ခေါ်ယူဖို့ ပစ်မှတ်ထားနေဆဲဖြစ်ပါတယ်။ ချဲလ်ဆီးကြယ်ပွင့် ဂယ်လာဟာက အဆိုပါစာရင်းရဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။ ဒါပေမယ့် ချဲလ်ဆီးရဲ့ များပြားတဲ့စျေးနှုန်းကို ပေးနိုင်မယ်ဆိုရင် တော့တင်ဟမ်က ခေါ်ယူခွင့်ရမှာ ဖြစ်ပါတယ်။

The Independent ရဲ့ အဆိုအရ ချဲလ်ဆီးတောင်းဆိုမယ့် ပမာဏဟာ ပေါင် သန်း ၅၀ အထိ ရှိနိုင်ပါတယ်။ စာချုပ်တွင် ရှုပ်ထွေးမှုများရှိနေပြီး ပိုချက်တီနိုလက်ထက် ချဲလ်ဆီး ကွင်းလယ်တွင် ဂယ်လာဟာက အဓိကအစိတ်အပိုင်း ဖြစ်လာခဲ့ပါတယ်။

အသင်းခေါင်းဆောင် ရီစီဂျိမ်းနှင့် ဒုတိယအသင်းခေါင်းဆောင် ဘန်ချီဝဲလ်တို့ ဒဏ်ရာရရှိနေတဲ့အချိန် အသင်းခေါင်းဆောင်လက်ပတ်ကို ဂယ်လာဟာက ဝတ်ဆင်ထားတာဖြစ်ပါတယ်။ သူ့ရဲ့ ကောင်းမွန်တဲ့ ကစားဟန်က ပေါ့ပါးနေတဲ့ ချဲလ်ဆီးရဲ့ကွင်းလယ်မှာ တောင့်တင်းစေခဲ့တာဖြစ်ပါတယ်။

အမှန်တကယ်တော့ အသက် ၂၃ နှစ်အရွယ်ကစားသမားကို ဥရောပထိပ်တန်းလိဂ် ၅ ခုတွင် အကောင်းဆုံး ကွင်းလယ်ကစားသမားအဖြစ် Opta ဒေတာအရ ဆုံးဖြတ်ထားပါတယ်။ ဆိုလိုသည်မှာ သူကိုရောင်းထုတ်ရမယ်ဆိုပါက မတည်ငြိမ်တဲ့ ရာသီမှာ သူ့ရဲ့ယုံကြည်ရဆုံးသော ကစားသမားတွေထဲမှ တစ်ဦးကို ပိုချက်တီနိုက စွန့်လွှတ်လိုက်ရမှာဖြစ်ပါတယ်။

သို့သော်လည်း တော့ဘိုလီ တာဝန်ယူပြီးကတည်းက ပြောင်းရွှေ့ကြေး ပေါင် ၁ ဘီလီယံအထိ တက်လာပြီးနောက် ချဲလ်ဆီးအကြီးအကဲတွေဟာ ဘဏ္ဍာရေးမျှတစည်းမျဉ်းကို ထည့်သွင်းစဉ်းစားဖို့ ရှိနေပြီး ဒါ့ကြောင့်ပဲ ဂယ်လာဟာက စျေးကွက်တွင် ရှိနေတာဖြစ်ပါတယ်။ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့မှာ ချဲလ်ဆီးအသင်းက မစ်ဒယ်ဘရော့ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး ဒုတိယအကျော့ကို ဇန်နဝါရီ ၂၃ ရက်မှာ ကစားရမှာဖြစ်ပါတယ်။

စနေနေ့ ဖူလ်ဟမ်နှင့် မကစားမီ ပရီးမီးယားလိဂ်ရဲ့ ဆောင်းရာသီ အားလပ်ချိန်ကာလရောက်လာပြီဖြစ်ပြီး အဆိုပါကာလအတွင်း အသင်းတစ်ဝက်သာ ကစားရမည်ဖြစ်ကာ ဇန်နဝါရီ ၁၂ ရက်နှင့် ၁၄ ရက်နှင့် ၂၀ ရက်နှင့် ၂၂ ရက်တို့တွင် ပွဲစဉ်များရှိနေပါတယ်။ ဒီအတောအတွင်းမှာပဲ တော့တင်ဟမ်ဟာ တနင်္ဂနွေနေ့တွင် ယူနိုက်တက်နှင့် ကစားရမှာဖြစ်ပါတယ်။

#ချဲလ်ဆီး #ဂယ်လာဟာ #တော့ဘိုလီ #ပရီးမီးယားလိဂ်