ရှေ့သို့
Image

အသက် ၁၉ နှစ်အရွယ် တမ်ဘာကို လက်ထပ်ပြီးနောက် ခံစားချက်ကို ဖွင့်ဟလာတဲ့ မာနေး

10:12 AM, 11 January

ဆီနီဂေါအိုင်ကွန်ဟာ ဇန်နဝါရီ ၇ ရက်က ဒါဟာမြို့တော်ရှိ နေရာတစ်ခုဖြစ်တဲ့ ကီယူမက်ဆာတွင် ကျင်းပတယ်လို့ ယူဆရတဲ့ အခမ်းအနားတစ်ခုတွင် သူ့ရဲ့လက်တွဲဖော်နှင့် လက်ထပ်ခဲ့ပါတယ်။ သူငယ်ချင်းများ၊ မိသားစုများနှင့် အသင်းဖော်ဟောင်းများ တက်ရောက်ခဲ့ကြသော်လည်း ယခုရက်သတ္တပတ် အစောပိုင်း သူတို့ရဲ့ မင်္ဂလာပွဲမတိုင်ခင်အထိ နှစ်ဦးသားဆက်ဆံရေးကို ထိန်းချုပ်ထားတယ်လို့ ယူဆရပါတယ်။

လီဗာပူးတိုက်စစ်မှုးဟောင်းဟာ AFCON ပွဲကစားဖို့ ပြင်ဆင်နေပြီး သူ့ရဲ့အသင်းဟာ ကုတ်တီအိုင်ဗိုရီမှာ ပြိုင်ပွဲဝင်ဖို့ ပြင်ဆင်နေပါတယ်။ သူတို့သားနှင့်သူတို့သမီးနှစ်ဦးစလုံး အဖြူရောင်ဝတ်စုံများ ဝတ်ဆင်ထားတာကို တွေ့ခဲ့ရတဲ့ အခမ်းအနားအပြီးတွင် မြောက်များစွာသော ဂုဏ်ပြုလွှာများကိုလက်ခံရရှိခြင်းက ပြိုင်ပွဲမစတင်မီ သူ့ကိုအလွန်ပျော်ရွှင်စေကြောင်း မာနေးက ဝန်ခံခဲ့ပါတယ်။

"ရိုးရိုးသားသားပြောရရင် အသင်းဖော်တွေတင်မဟုတ်ဘဲ သမ္မတက ကျွန်တော့်ကို ချီးကျူးဂုဏ်ပြုတာဆိုတော့ ကျွန်တော် ဝမ်းသာပါတယ်" "လူတွေအားလုံးက ကျွန်တော့်ကို ဂုဏ်ပြုပြီး ကံကောင်းစေဖို့ ဆုတောင်းပေးကြတယ်လို့ ထင်ပါတယ်။ ဒါကြောင့် အရမ်းပျော်ရွှင်ပြီး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်"လို့ မာနေးက ပြောပါတယ်။

မာနေးနှင့် ဆီနီဂေါတို့ဟာ AFCON ပြိုင်ပွဲအတွက် ပြင်ဆင်မှုများကို အပြီးသတ်ရန် ဗုဒ္ဓဟူးနေ့အစောပိုင်းက ကုတ်တီအိုင်ဗိုရီသို့ ရောက်ရှိခဲ့ကြပါတယ်။ သူတို့နှင့် တစ်အုပ်စုထဲတွင် အိမ်နီးချင်းနိုင်ငံ ၂ နိုင်ငံလည်း ပါဝင်နေပါတယ်။

ဆီနီဂေါနိုင်ငံကိုဝန်းရံထားတဲ့ ဂမ်ဘီယာနိုင်ငံနှင့် အဖွင့်ပွဲစဉ်ကို တနင်္လာနေ့တွင် နိုင်ငံရေးမြို့တော်ဖြစ်တဲ့ ယာမိုဆိုခရိုမှာ စတင်ကစားရမှာဖြစ်ပါတယ်။ မာနေးနဲ့ အသင်းဖော်တွေဟာ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကင်မရွန်း၊ အဲ့ဒီနောက် ဇန်နဝါရီ ၂၃ ရက်နေ့တွင် တောင်ပိုင်းက အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဂီနီတို့နှင့် ယာမိုဆိုခရိုမှာပဲ ကစားရမှာဖြစ်ပါတယ်။

"ကျွန်တော်တို့ စောင့်မျှော်နေတဲ့အရာအားလုံးကို ကျွန်တော်တို့လည်း သိပါတယ်" "မလွယ်ဘူးဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် သေချာတာတစ်ခုကတော့ နေရာတစ်ခုသို့ရောက်ရမယ်၊ ကျွန်တော်တို့ဘက်က တတ်နိုင်သမျှလုပ်ဆောင်မယ်။ ဂုဏ်ယူရဖို့နဲ့ အထူးသဖြင့် လူတိုင်းရဲ့အိမ်မက်ကို ဆက်ထိန်းထားဖို့လို့ပြောလို့ရပါတယ်။ ချန်ပီယံဘွဲ့ကိုဆက်ထိန်းဖို့ ကျွန်တော်တို့ ကြိုးစားရပါမယ်" "နောက်ထပ်ပြောရရင် ပထမပွဲက အဆုံးအဖြတ်ဖြစ်မယ်လို့ ထင်ပါတယ်။ အားလုံးပြောသလိုပဲ ဂမ်ဘီယာနဲ့ ဂီနီတို့က ဒါဘီပွဲတွေဖြစ်ပြီး ကင်မရွန်းဆိုတာကလည်း အထူးတလယ်မိတ်ဆက်စရာမလိုပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ကလည်း ဆီနီဂေါဖြစ်တာကြောင့် အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ"လို့ အသက် ၃၁ နှစ်အရွယ် မာနေးက ပြိုင်ပွဲမတိုင်မီ ပြောကြားခဲ့ပါတယ်။

မကြာသေးမီက နိုင်ဂျာကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့တဲ့ပွဲမှာ မားနေးက မပါဝင်ခဲ့သော်လည်း လိုအပ်နေတဲ့ အနိုင်ဂိုးကို၉၉ မိနစ်တွင် သွင်းယူနိုင်ခဲ့ကာ လက်ရွေးစင်ဟောင်းဖြစ်တဲ့ ဒီယော့ဖ်က မာနေးကို ချန်လှပ်ထားရတာက အကြောင်းပြချက်ရှိတာကြောင့် စိုးရိမ်စရာမရှိပါဘူးလို့ အခိုင်အမာပြောကြားထားပါတယ်။

"ဒီနေ့ ဖြစ်ပျက်နေတဲ့ အရာတွေကို လူတိုင်းသိပြီး မာနေးရဲ့ဘဝကို ကျွန်တော် ယုံကြည်ပါတယ်။ အခု ကျွန်တော်ပြောခဲ့သလိုပဲ မာနေးက အဲ့ဒီမှာ မရှိဘူးဆိုရင် အဲ့ဒီအတွက် အကြောင်းပြချက်ဆိုတာရှိပြီး နိုင်ငံကွင်းမှာ ပြောခဲ့သလိုအားလုံးက ကံကောင်းပါစေ" "ဘာလို့လဲဆိုတော့ သူက သူ့ရဲ့ကစားသမားဘဝ အခက်ခဲဆုံးပွဲကို သွားတော့မှာဖြစ်ပြီး ဒါက လက်ထပ်ပွဲဆိုတာ လူတိုင်းသိပါတယ်" လို့ လီဗာပူးတိုက်စစ်မှုးဟောင်းက ပြောပါတယ်။

ဘိုင်ယန်မြူးနစ်တိုက်စစ်မှုးဟောင်း မာနေးဟာ အသက် ၁၆ နှစ်တွင် ပထမဆုံး တွေ့ဆုံခဲ့တယ်လို့ ထင်ရတဲ့ တမ်ဘာနှင့် ကာလရှည်ကြာတဲ့ ဆက်ဆံရေးရှိပြီးနောက် ယခုရက်သတ္တပတ်အစောပိုင်းတွင် မင်္ဂလာဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ တမ်ဘာဟာ မာနေး နေထိုင်တဲ့ ဘမ်ဘာလီရွာနှင့် နယ်နိမိတ်ချင်းထိစပ်နေတဲ့ ကက်ဆာမန့်စ်တွင် မွေးဖွားခဲ့ပြီးအဆိုပါရွာအတွက် ဆေးရုံတည်ဆောက်ရန် မားနေက ငွေလှူဒါန်းခဲ့ပါတယ်။

မာနေးဟာ ပရဟိတလုပ်ငန်းတွေကို များစွာလုပ်နေသူဖြစ်ပြီး သူကြီးပြင်းရာဒေသသို့ မကြာခဏဆိုသလို ငွေများလှူဒါန်းလေ့ရှိပါတယ်။ ဗလီတစ်လုံး၊ ကျောင်းတစ်ကျောင်း၊ ဓာတ်ဆီဆိုင်အတွက် ရန်ပုံငွေနှင့် သူ့ရွာနားရှိ ကျောင်းသားများအား သင်ကြားရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း Bayo News Network မှ သတင်းထုတ်ပြန်ထားပါတယ်။

Pulse Sports ရဲ့ ဖော်ပြချက်အရ မာနေးဟာ သူ့ရဲ့ လီဗာပူး ကစားသမားဘဝကာလအတွင်းမှာ သူတို့ စတင်ချိန်းတွေ့တဲ့နေ့ကတည်းက တမ်ဘာကို လက်ထပ်ဖို့ ကတိပြုခဲ့တယ်လို့ သိရပါတယ်။ ကစားသမားသည် အလားအလာရှိတဲ့ လက်တွဲဖော်ကို ရှာဖွေနေတယ်လို့လည်း ယခင်က ပြောဆိုခဲ့ဖူးပြီး တမ်ဘာဟာ ဆိုရှယ်မီဒီယာကို အသုံးမပြုသူဖြစ်ကာ သီးသန့်ဘဝတစ်ခုကို ထိန်းသိမ်းထားကြောင်း အဆိုပါသတင်းဌာနာက ဖော်ပြခဲ့ပါတယ်။

၂၀၂၂ ခုနှစ်တုန်းက အသက် ၃၁ နှစ်အရွယ် ကစားသမားက"သူလက်ထပ်မယ့်သူကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဘာလို့ အိမ်ထောင်မပြုတာလဲလို့ မေးတဲ့ မိန်းကလေးတော်တော်များများကို တွေ့ဖူးပြီး အချိန်တွေကို ဖြုန်းမိသွားတာ တောင်းပန်ပါတယ်။ ကျွန်တော် လက်ထပ်တဲ့အမျိုးသမီးဟာ ဆိုရှယ်မီဒီယာမှာ ရှိမှာမဟုတ်ဘူး"
"ဘုရားသခင်ကို ရိုသေပြီး ကောင်းကောင်းမွန်မွန် ဆုတောင်းတဲ့ အမျိုးသမီးနဲ့ လက်ထပ်ချင်ပါတယ်။ လူတိုင်းမှာ သူတို့ရဲ့ အချစ်ရေးကို ရွေးချယ်ဖို့ နည်းလမ်းရှိပါတယ်"လို့ မာနေးက Tribune မှာ ပြောကြားခဲ့ပါတယ်။

သတင်းတွေအရ တမ်ဘာဟာ သူမရဲ့ဆယ်ကျော်သက်အရွယ်ကတည်းက မာနေးနဲ့ ကာလကြာရှည်စွာ တွဲနေခဲ့တာဖြစ်ပြီး  အချိန်ဘယ်လောက်ကြာကြာ တွဲနေလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ လီဗာပူးကြယ်ပွင့်ဟောင်းဟာ သူမကျောင်းတက်စဉ် ငွေတောင်းခံလွှာများကို ဂရုစိုက်ပေးခဲ့ကြောင်းနှင့် ဆီနီဂေါကြယ်ပွင့်ဟာ သူမရဲ့မိသားစုကို ဂရုစိုက်တယ်လို့ Pulse Sportsက ဖော်ပြခဲ့ပါတယ်။

မာနေးက သူ့ရဲ့ရည်ရွယ်ချက်များကို သူမမိသားစုနဲ့ရင်းနှီးသူ ဦးလေးဖြစ်သူထံသို့ အကြောင်းကြားခဲ့ပြီး နောက်ဆုံးမှာတော့ သူတို့နှစ်ဦးရဲ့မင်္ဂလာပွဲ ဖြစ်ပေါ်စေခဲ့ကြောင်း သိရပါတယ်။

#ဆီနီဂေါ #မာနေး #တမ်ဘာ