ရှေ့သို့
Image

ယူနိုက်တက်ကို လွှဲပြောင်းရယူပြီးနောက် ပထမဆုံးအကြိမ် အသင်းရဲ့ပွဲစဉ်ကို အိုးလ်ထရက်ဖို့ဒ်မှာ လာရောက်ကြည့်ရှုတော့မယ် ရက်ကလစ်ဖ်

3:29 PM, 10 January

မန်ချက်စတာယူနိုက်တက်ရဲ့ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူပြီး အသင်းရဲ့ တစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်လာခဲ့တဲ့ ပိုင်ရှင်သစ် ဆာဂျင်မ်ရက်ကလစ်ဖ်ဟာ ယူနိုက်တက်ရဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ အသင်းရဲ့ ပထမဆုံးပွဲစဉ်ကို အိုးလ်ထရက်ဖို့ဒ်မှာ လာရောက်ကြည်ရှုတော့မှာဖြစ်ပါတယ်။ ရက်ကလစ်ဖ်ဟာ ခရစ္မမတ်အကြိုနေ့မှာ ယူနိုက်တက်နဲ့ ပေါင် ၁.၃ ဘီလီယံတန် စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပြီး သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အသင်းရဲ့အားကစားဆိုင်ရာကိစ္စရပ်တွေကို အလုံးစုံထိန်းချုပ်ခွင့်ရထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ရက်ကလစ်ဖ်ဟာ အသင်းရဲ့မန်နေဂျာ အဲရစ်တန်ဟက်နဲ နာရီပေါင်းများစွာတွေ့ဆုံခဲ့ပြီး ကလပ်ရဲ့ဝန်ထမ်းတွေနဲ့လည်း ၃ ရက်ကြာ အချိန်ကုန်ဆုံးခဲ့တာဖြစ်ပါတယ်။ စာချုပ် ချုပ်ဆိုပြီးနောက် ယူနိုက်တက်ဟာ အက်စတွန်ဗီလာ၊ နော်တင်ဟမ်ဖောရက်စ်၊ ဝီဂန်တို့နဲ့ တွေ့ဆုံခဲ့သော်လည်း ရက်ကလစ်ဖ်ဟာ ဘယ်ပွဲကိုမှ လာရောက်မကြည့်ရှုခဲ့ပါဘူး။

သို့သော် INEOS အဖွဲဝင်ကတွေကတော့ အဆိုပါပွဲစဉ် ၃ ပွဲစလုံးကို လာရောက်ကြည့်ရှုခဲ့ကြပါတယ်။ ရက်ကလစ်ဖ်ဟာ ယူနိုက်တက် အမာခံပရိသတ်တစ်ယောက်ဖြစ်ပြီး ၁၉၉၉ ခုနှစ်က နူးကမ့်မှာကျင်းပခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အသင်းကို ကွင်းထဲထိ လိုက်လံအားပေးခဲ့ဖူးတာဖြစ်ပါတယ်။

လာမယ့် တနင်္ဂနွေနေ တော့တင်ဟမ်နဲ့ ပွဲစဉ်ကိုတော အသက်-၆၁ နှစ်အရွယ် ဘီလီယံနာဟာ အိုးလ်ထရက်ဖို့ဒ်မှာ အသင်းရဲ့ဒါရိုက်တာအဖွဲ့ဝင်တွေနဲ့အတူ လာရောက်ကြည့်ရှုမယ်လို့ သိရပါတယ်။ ဒါကြောင့် ရက်ကလစ်ဖ်ဟာ အသင်းရဲ့လုပ်ငန်းတွေကို အဓိကထိန်းချုပ်နေတဲ့ ဂလေဇာတွေထက်စာရင် အသင်းနဲ့ ပိုပြီးနီးကပ်လာနိုင်မှာဖြစ်ပါတယ်။

ဂလေဇာတွေဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက နယူးကာဆယ်ကိုအနိုင်ရခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်အပြီးကတည်းက ယူနိုက်တက်နဲ့ ၁ နှစ်လောက် ဝေးကွာနေကြတာ ဖြစ်ပါတယ်။ ရက်ကလစ်ဖ်ကတော့ အသင်းရဲ့ကိစ္စရပ်အားလုံးကို ပါဝင်ပတ်သက်လိုနေပြီး လက်ရှိ ယူနိုက်တက်ရဲ့အကြီးအကဲတွေနဲ့ အဆက်အသွယ်မပြတ်ရှိနေတယ်လို့သိရပါတယ်။

ဒါ့အပြင် ရက်ကလစ်ဖ်ဟာ ယူနိုက်တက်ရဲ့ပွဲစဉ်တွေကိုလည်း မကြာခဏဆိုသလို လာရောက်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။ INEOS ရဲ့ ပေါင် ၁.၃ သန်းတန် ရင်းနှီးမြှုပ်နှံမှုကို ဂလေဇာတွေဘက်က မီးစိမ်းပြလိုက်ပြီဖြစ်သော်လည်း ပရီးမီးယားလိဂ်ဘက်ကတော့ သဘောတူညီမှုအဆုံးသတ်ဖို့ ၆ ပတ်ခန့်ကြာမြင့်နိုင်တာ ဖြစ်ပါတယ်။

ဒါကြောင့် ရက်ကလစ်ဖ်ရဲ့အဖွဲ့ဟာ ယခုဇန်နဝါရီအပြောင်းအရွှေ့ကိုတော့ အသင်းမှ ကစားသမား အထွက်နဲ့သာ အဆုံးသတ်လိုနေပြီး လာမယ့် နွေရာသီမှသာ ကစားသမားသစ်အင်အားဖြည့်တင်းဖို့ အရှိန်အဟုန်နဲ့ အာရုံစိုက်လာဖွယ်ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပရီးမီးယားလိဂ် #ဆာဂျင်မ်ရက်ကလစ်ဖ်