ရှေ့သို့
Image

လင်ဂတ်ကို လူမဆန်တဲ့မက်ဆေ့ချ်ပေးပို့လိုက်တဲ့ ယူနိုက်တက်ဂန္ထဝင် ပေါလ်စခိုးလ်

8:59 AM, 10 January

ယူနိုက်တက်ဂန္ထဝင်ဟောင်း ပေါလ်စခိုးလ်က အလွတ်ကစားသမားတစ်ဦးဖြစ်တဲ့ လင်ဂတ်ကို လူမဆန်တဲ့ မက်ဆေ့ချ်ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

အင်္ဂလန်စတားဟောင်းဟာ ၂၀၂၂ - ၂၃ ရာသီအကုန်တုန်းက နော်တင်ဟမ်ကနေ ထွက်ခွာပြီးကတည်းက ကလပ်အသင်းလက်မဲ့ဖြစ်နေတာဖြစ်ပါတယ်။ အဲ့ကတည်းက လင်ဂတ်ဟာ ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းနဲ့ ဆော်ဒီကလပ် အယ်-အီတီဖက်အသင်းတွေမှာ အစမ်းလေ့ကျင့်ခဲ့ပေမယ့် စာချုပ်ကမ်းလှမ်းမှုတော့ မရှိခဲ့တာဖြစ်ပါတယ်။

အဲဗာတန်က လင်ဂတ်ကို စိတ်ဝင်စားခဲ့ပေမယ့် မခေါ်ယူခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ အသက် ၃၁ နှစ်သားက တစ်ဦးတည်းသီးသန့်လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ ဆောင်းရာသီတစ်လျှောက်လုံးကို လင်ဂတ်ဟာ ဒူဘိုင်းမှာ အချိန်ကုန်ဆုံးခဲ့တာဖြစ်ပြီး ကြံ့ခိုင်မှုပိုင်းကို ပိုအလေးပေးခဲ့တာဖြစ်ပါတယ်။

စခ်ုးလ်က လင်ဂတ်တစ်ယောက် gym မှာပဲအချိန်ကုန်နေတာနဲ့ပတ်သက်ပြီး အခုလိုပြောကြားခဲ့ပါတယ်။ “ခင်ဗျားက gym မှာပဲကစားနေတာလား ဒါမှမဟုတ် ဘောလုံးအမှန်တကယ်ကစားနေတာကောဟုတ်ရဲ့လား”ဆိုပြီး လင်ဂတ်ပို့စ်အောက်မှာ မန့်ခဲ့ပါတယ်။

လင်ဂတ်ဟာ အသင်းသစ်တစ်ခုရှာဖွေနေပြီး ကမ်းလှမ်းမှုတွေကို ရွေးချယ်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်သားဟာ အခုနောက်ပိုင်းမှာ စွမ်းဆောင်ရည်အပြင် ကြံ့ခိုင်မှုပိုင်းပါ ကျဆင်းလာခဲ့တာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #လင်ဂတ် #ပေါလ်စခိုးလ် #ပရီးမီးယားလိဂ်