ရှေ့သို့
Image

စိတ်ဓာတ်ကျမှုအကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ အာဆင်နယ်ဂန္ထဝင် အွန်နရီ

8:53 AM, 10 January

အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူးဟောင်း အွန်နရီက သူ့အနေနဲ့ ကစားသမားဘဝစိတ်ပိုင်းဆိုင်ရာ ရုန်းကန်ရမှုတွေရှိခဲ့သလို စိတ်ဓာတ်ကျမှုနဲ့လည်း တိုက်ပွဲဝင်ခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အသက် ၄၆ နှစ်သားဟာ ၂၀၁၄ တုန်းက ကလပ်အသင်းကစားသမားဘဝကနေ အနားယူခဲ့တာဖြစ်ပြီး အဲ့မတိုင်ခင် မိုနာကို၊ ဂျူဗင်တပ်စ်၊ အာဆင်နယ်၊ ဘာစီလိုနာနဲ့ ရက်ဘူးလ် အသင်းတွေမှာ ကစားခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်မှာ ကစားခဲ့တုန်းက အွန်နရီဟာ ၂၂၈ ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဘာစီလိုနာကိုမပြောင်းခင် ပရီးမီးယားလိဂ်ဆုဖလား ၂ ကြိမ် ရယူနိုင်ခဲ့သလို ဘာစီလိုနာမှာလည်း လာလီဂါဆုဖလားတွေနဲ့ ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားပိုင်ရှင် အွန်နရီကတော့ အာဆင်နယ်လူငယ်အသင်းကိုနည်းပြခဲ့သလို ဘယ်လ်ဂျီယံအသင်းရဲ့ လက်ထောက်နည်းပြအပြင် မိုနာကိုနဲ့ မွန်ထရီရယ်အသင်းတွေမှာ နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အွန်ရီဟာ သြဂုတ်လတုန်းက ပြင်သစ်ယူ -၂၁ အသင်းရဲ့နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

“ကျွန်တော့်ကစားသမားဘဝတစ်လျှောက် မွေးကတည်းက ကျွန်တော့်မှာ စိတ်ဓာတ်ကျတာတွေရှိခဲ့ပါတယ်။ ကျွန်တော်အဲ့တာကို သိခဲ့လားဆိုတော့ နိုးပါ။ ဒါပေမယ့် ကျွန်တော် သေချာတဲ့နည်းလမ်းတစ်ခုနဲ့ အဆင်ပြေအောင်လုပ်ခဲ့ပါတယ်။ ကိုဗစ်ကာလတုန်းက မွန်ထရီရယ်မှာ ကျွန်တော်တစ်ဦးတည်း နေခဲ့ရပါတယ်။ ကလေးတွေကို ၁ နှစ်လောက်မမြင်ရတော့ အရမ်းကိုမှခက်ခဲခဲ့ပါတယ်။ မျက်ရည်တွေ တစ်ယောက်တည်းကျခဲ့ရပါတယ်။ ဘာကြောင့်လဲ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် အဲ့တာက အရမ်းကိုမှ ကြာခဲ့ပါတယ်”လို့ အွန်နရီက ပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #အွန်နရီ #ပရီးမီးယားလိဂ်