ရှေ့သို့
Image

ဒီကနေ့မှာ တော့တင်ဟမ်နဲ့ဆေးစစ်မှုခံယူမယ့် တီမိုဝါနာ

12:45 PM, 9 January

လိုက်ပ်ဇစ်အသင်းထံကနေ အငှားနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ချဲလ်ဆီးစတားဟောင်း တီမိုဝါနာတစ်ယောက် ဒီကနေ့မှာ တော့တင်ဟမ်နဲ့ ဆေးစစ်မှုခံယူမယ်လို့ သိရပါတယ်။

အသက် ၂၇ နှစ်သားဟာ တော့တင်ဟမ်အသင်းထံ ကနဦးအငှား + ရာသီအကုန်ပေါင် ၁၄.၅ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီး စတားဟောင်းဟာ နည်းပြ ပိုစတီကိုဂလူရဲ့ ကစားဟန်ကြောင့် ပရီးမီးယားလိဂ်မြေကို ပြန်လာဖို့ အလျင်အမြန်သဘောတူညီခဲ့တာလို့ သိရပါတယ်။

ဝါနာဟာ တနင်္ဂနွေနေ့တုန်းက ဂျာမနီအသင်းထံကနေ လိုက်ပ်ဇစ်လေ့ကျင့်ရေးကွင်းက အသင်းဖော်တွေဆီကို ထွက်ခွာခဲ့တာဖြစ်ပြီး ဆေးစစ်မှုကို မကြာခင်မှာ လုပ်ဆောင်မှာဖြစ်ပါတယ်။ တော့တင်ဟမ်ဟာ တောင်ကိုရီးယား အသင်းရဲ့အာရှဖလားကြောင့် ဆွန်ဟောင်မင်ကို ၁ လလောက်လက်လွှတ်ရမှာ ဖြစ်ပြီး ဗီလစ်ဇ်ကလည်း ဒူးဒဏ်ရာအပြင် ရစ်ချာလီဆင်ကို ဆော်ဒီအာရေဗျက စိတ်ဝင်စားနေတာဖြစ်ပါတယ်။

တော့တင်ဟမ်ဟာ ဝါနာရဲ့လက်ကျန်ရာသီ လုပ်ခလစာကိုလည်း ပေးချေဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက်နဲ့ ဗီလာတို့ဟာ ဝါနာအခြေအနေကို စောင့်ကြည့်ခဲ့ကြပေမယ့် တော့တင်ဟမ်က အရှိန်မြှင့်ခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်လူငယ်နောက်ခံလူ ဖီးလစ်ကတော့ ဘလက်ဘန်းကနေ ပလိုင်းမောက်အသင်းထံပြောင်းရွှေ့ခဲ့ပါတယ်။ အဆိုပါဆယ်ကျော်သက် ကစားသမားလေးဟာ ပလိုင်းမောက်အသင်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ပြောင်းရွှေ့ကြေးက ပေါင် ၂ သန်းဝန်းကျင်လို့ သိရပါတယ်။

ဖီးလစ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဘလက်ဘန်းမှာ ခြေစွမ်းပြခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ ၈ ပွဲအထိ ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ အဆိုပါလူငယ်ခြေတက်နောက်ခံလူဟာ ပြီးခဲ့တဲ့ ၂ နှစ်တုန်းက ဂျူနီယာအဆင့်ကနေ တဖြည်းဖြည်းတိုးတက်လာခဲ့တာ ဖြစ်ပါတယ်။

#တော့တင်ဟမ် #လိုက်ပ်ဇစ် #အပြောင်းအရွှေ့ #ဝါနာ