ရှေ့သို့
Image

တော့တင်ဟမ်နဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့ဆုံပြီး ယူနိုက်တက်ပွဲချောင်ခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် မဲခွဲမှုရလဒ်များ

9:20 AM, 9 January

အက်ဖ်အေဖလားစတုတ္ထအဆင့် မဲခွဲမှုကို ဒီနေ့မနက်ပိုင်းမှာ ပြုလုပ်ခဲ့ရာ ပရီးမီးယားလိဂ်အသင်းကြီးတွေ ထိပ်တိုက်တွေ့ဆုံမယ့်ပွဲစဉ်များလည်း ပါဝင်လာခဲ့ပါတယ်။

မဲခွဲမှုရလဒ်တွေအရ ဝီဂန်ကို ကျော်ဖြတ်ပြီး နောက်တစ်ဆင့်တက်ရောက်လာတဲ့ မန်ချက်စတာယူနိုက်တက်ဟာ လိဂ်တူးကလပ် နယူးပို့စ်(သို့မဟုတ်) Non-League ကလပ် အိစ်စလိနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ကစားရပါမယ်။ ပြီးခဲ့တဲ့စနေနေ့၊ အီတီဟတ်မှာ ဟတ်ဒါဖီးလ်ကို ဂိုးပြတ်အနိုင်ကစားပြီး နောက်တစ်ဆင့် တက်ရောက်လာတဲ့ လက်ရှိ ချန်ပီယံမန်စီးတီးကတော့ တော့တင်ဟမ်နဲ့ လန်ဒန်ကွင်းကြီးမှာ ယှဉ်ပြိုင်ကစားရတော့မှာပါ။

ပရက်စတန်ကို ကျော်ဖြတ်လာတဲ့ ချဲလ်ဆီးကတော့ အိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်ချ်မှာ ပုံစံကောင်းရနေတဲ့ အက်စတွန်ဗီလာကို ဧည့်ခံကစားရပါမယ်။ ဝက်စ်ဟမ်းနဲ့ ဘရစ္စတိုးတို့ပွဲစဉ်မှ အနိုင်ရရှိတဲ့အသင်းက နော်တင်ဟမ်ဖောရက်စ်(သို့) ဘလက်ပူးပွဲစဉ်မှ အနိုင်ရရှိလာတဲ့အသင်းကို အိမ်ကွင်းမှာ လက်ခံကစားရဖို့ ရှိနေပါတယ်။

အလားတူ ခရစ္စတယ်ပဲလေ့စ်က အိမ်ကွင်းမှာ အဲဗာတန်ကို အနိုင်ယူကျော်ဖြတ်နိုင်မယ်ဆိုရင် နောက်တစ်ဆင့်မှာ လူတန်(သို့မဟုတ်) ဘော်လ်တန်နဲ့ ရင်ဆိုင်ကစားရဖို့ ရှိနေပါတယ်။ နောက်ထပ် Non-League ကလပ်အသင်းတစ်ခုဖြစ်တဲ့ မိတ်စတုန်းကတော့ ချန်ပီယံရှစ်မှာ အမြင့်ပျံနေတဲ့ အပ်စ်ဆွစ်ချ်နဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားသွားရပါမယ်။

အခုပွဲစဉ်တွေကို ဇန်နဝါရီ ၂၇ ရက်မှာ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။

မဲခွဲမှုရလဒ်များ
---------------
ဝက်ဖို့ဒ် vs ဆောက်သမ်တန်
ဘလက်ဘန်း vs ဝရက်ဇ်ဟမ်း
ဘုန်းမောက် vs ဆွမ်ဆီး
ဝက်စ်ဘရွန်း vs ဘရန့်ဖို့ဒ် (သို့) ဝုဗ်
ဝက်စ်ဟမ်း (သို့) ဘရစ္စတိုးစီးတီး vs နော်တင်ဟမ်ဖောရက်စ် (သို့) ဘလက်ပူး
လက်စတာ vs ဟူးလ်စီးတီး (သို့) ဘာမင်ဂမ်
ရှက်ဖီးလ်ဝမ်းနက်ဒေး vs ကိုဗင်ထရီ
ချဲလ်ဆီး vs အက်စတွန်ဗီလာ
အပ်စ်ဆွစ်ချ် vs မိတ်စတုန်း
လီဗာပူး vs နော်ဝှစ်ချ် (သို့) ဘရစ္စတိုးရိုဗာစ်
တော့တင်ဟမ် vs မန်စီးတီး
လိဒ် vs ပလိုင်းမောက်
ခရစ္စတယ်ပဲလေ့စ် (သို့) အဲဗာတန် vs လူတန် (သို့) ဘော်လ်တန်
နယူးပို့စ်ကောင်တီ (သို့) အိစ်စလိ vs မန်ချက်စတာယူနိုက်တက်
ရှက်ဖီးယူနိုက်တက် vs ဘရိုက်တန်
ဖူလ်ဟမ် vs နယူးကာဆယ်

#မန်ချက်စတာယူနိုက်တက် #မန်စီးတီး #အက်ဖ်အေဖလား #ဝီဂန်