ရှေ့သို့
Image

ဗန်ဒိုက်ရဲ့ နောက်ဆုံးအခြေအနေကို ရယ်မောဖွယ် ရှင်းပြလာတဲ့ ယာဂန်ကလော့ပ်

9:58 AM, 8 January

အာဆင်နယ်နဲ့ အဝေးကွင်းမှာ ရင်ဆိုင်ရတဲ့ အက်ဖ်အေဖလား ပွဲစဉ်ကို အဖျားဝေဒနာကြောင့် လွဲချော်ခဲ့တဲ့ လီဗာပူးအသင်းခေါင်းဆောင် ဗန်ဒိုက်ရဲ့ နောက်ဆုံး အခြေအနေကို နည်းပြယာဂန်ကလော့ပ်က ရယ်မောဖွယ်ရှင်းလင်းပြောဆိုလိုက်ပါတယ်။

မြောက်လန်ဒန်အရပ်မှာကစားတဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ် မစတင်ခင်မှာပဲ လီဗာပူးအသင်းရဲ့ ပွဲနေ့လူစာရင်းမှာ ဒတ်ချ်နောက်ခံလူ မပါဝင်နိုင်ဘူးဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ အခုရာသီ၊ လီဗာပူးအသင်း အတွက် အကောင်းဆုံးခြေစွမ်းပြနေတဲ့ အသက်-၃၂ နှစ်အရွယ် ကစားသမားရဲ့ အခြေအနေကို ဖူလ်ဟမ်နဲ့ ရင်ဆိုင်ရမယ့် ဗုဒ္ဓဟူးနေ့၊ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်ခင် ဆက်လက်စစ်ဆေးအကဲဖြတ်သွားရပါလိမ့်မယ်။

နောက်ပိုင်းမှာတော့ ယာဂန်ကလော့ပ်က အားထားရတဲ့ နောက်ခံလူရဲ့အခြေအနေနဲ့ ပတ်သက်လို့ ပွဲမစတင်မီ သတင်းစကားတစ်ခု ပေးပို့လာပါတယ်။

ဂျာမန်သားက “ဗန်ဒိုက်က ဖျားနေတာပါ။ ပြီးခဲ့တဲ့နှစ်ပတ်၊ သုံးပတ်လောက်အထိ ကျွန်တော်တို့တွေ အတော်လေး ကံကောင်းခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝန်ထမ်းတွေပဲ ဖျားနာနေကြပြီး ကစားသမားတွေ မဖျားခဲ့လို့ပါ။ လက်ရှိမှာတော့ ဗန်ဒိုက်လည်း အဖျားပိုး ကူးစက်ခံထားရပါတယ်။ လတ်တလောမှာ သူဘယ်လိုခံစားနေရသလဲဆိုတာနဲ့ နောက်လာမယ့် ပွဲစဉ်အတွက် သူကစားပေးနိုင်မလားဆိုတာ ကျွန်တော်တို့ စောင့်ကြည့်သွားရပါမယ်။ ဒါကြောင့် ဒီနေ့ပွဲစဉ်(အာဆင်နယ်နဲ့ပွဲစဉ်)အတွက်တော့ သူ ကစားပေးနိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် ကျွန်တော်တို့လည်း သူ့ကိုကစားခိုင်းဖို့ မကြိုးစားကြည့်တော့ပါဘူး” လို့ ပြောပါတယ်။

လီဗာပူးအသင်းကတော့ သူတို့ရဲ့ကပ္ပတိန်မပါဝင်ဘဲနဲ့ပင် အာဆင်နယ်ကို ကီဝီအော်(O.G)၊ ဒီယက်ဇ်တို့ရဲ့ ဂိုးတွေဖြင့် အနိုင်ယူကာ အက်ဖ်အေဖလား စတုတ္ထအဆင့်ဆီ တက်လှမ်းသွားခဲ့ပါတယ်။

ပွဲပြီးချိန်မှာလည်း လာမယ့်ဗုဒ္ဓဟူးနေ့ပွဲစဉ်အတွက် ဗန်ဒိုက်အဆင်သင့် ရှိနေမလားဆိုပြီး မေးမြန်းလာမှုကို ကလော့ပ်က “ကျွန်တော်လည်း အဲ့ဒီအတိုင်းပဲ မျှော်လင့်ထားတာပဲ။ ဒါပေမယ့် အတိအကျတော့ မသိရသေးဘူး။ ဗန်ဒိုက်အတွက်တော့ ဒီလိုအရှုပ်ထုပ်ဖြစ်နေတာကို ထိုင်ကြည့်နေရတာ အတော်လေး ခက်ခဲပါတယ်။ ဒါပေမယ့် သူလုပ်ခဲ့ရပါတယ်”လို့ ပြန်ဖြေခဲ့ရာ သတင်းစာရှင်းလင်းပွဲအတွင်း လူအများကို သဘောကျရယ်မောခဲ့ကြပါတယ်။

ဒီနောက်မှာတော့ ကလော့ပ်က ဖျားနာနေခြင်းကြောင့် ဗန်ဒိုက်ကို အိမ်ပြန်အနားယူဖို့ စေခိုင်းခဲ့ရတယ်လို့ ဝန်ခံပြောဆိုပါတယ်။

#လီဗာပူး #ဗန်ဒိုက် #ကလော့ပ် #ပရီးမီးယားလိဂ်