ရှေ့သို့
Image

နယူးကာဆယ်ရဲ့ဇန်နဝါရီအပြောင်းအရွှေ့အကြောင်း ထုတ်ဖော်ပြောကြားလိုက်တဲ့ အက်ဒီဟိုဝီ

10:51 AM, 6 January

နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟိုဝီက ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ခေါ်ယူမှာဖြစ်ပေမယ့် အသင်းအတွက် ရေတိုခေါ်ယူမှုပဲပြုလုပ်မှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

နယူးကာဆယ်ဟာ ဒီရာသီဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်နေရတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပြီး တိုနယ်လီကလည်း လောင်းကစားအမှုကြောင့် ကာလရှည်နားနေရသလို လက်ရှိမှာလည်း ကစားသမား ၉ ယောက်လောက်အထိ ဒဏ်ရာရရှိနေပါတယ်။

နယူးကာဆယ်ဟာ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၉ နေရာမှာ ရပ်တည်နေပြီး အက်ဖ်အေဖလားမှာ ဆန်းဒါးလန်းအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဟိုဝီကတော့ အသင်းရဲ့အနေအထားဟာ လူအင်အားဖြည့်တင်းဖို့ လိုအပ်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

“ရေတိုအတွက်တော့ ကစားသမားအချို့ခေါ်ယူဖို့ လိုအပ်ပါတယ်။ ဒီအပြောင်းအရွှေ့မှာ တစ်ခုခုလုပ်ဆောင်သွားမှာပါ။ ဇန်နဝါရီအကုန်မှာတော့ အဓိက ကစားသမားတွေပြန်လာနိုင်လောက်ပါပြီ။ နောက်ကွယ်မှာ တစ်ခုခုလုပ်နေပါတယ်။ ကျွန်တော်တို့အများကြီးအလုပ်တွေလုပ်နေပါတယ်။ ဈေးကွက်ထဲမှာ ကျွန်တော်တို့လှုပ်ရှားတာတွေဘယ်တုန်းကမှ မရပ်တန့်ခဲ့ပါဘူး”လို့ ဟိုဝီက ပြောကြားခဲ့ပါတယ်။

နယူးကာဆယ်ဟာ အဓိက ကစားသမားတွေကို မဆုံးရှုံးချင်သလို ဂူမာရေးစ်ကို ပီအက်စ်ဂျီက ချိတ်ဆက်နေပါတယ်။ “အကောင်းဆုံး ကစားသမားအကြောင်းပြောချိန်မှာ အသင်းရဲ့အကောင်းဆုံးကစားသမားတွေကို ဆက်ထိန်းထားနိုင်ဖို့က ကျွန်တော်တို့ပစ်မှတ်ပါ”လို့ ဟိုဝီက ပြောကြားခဲ့ပါတယ်။

နယူးကာဆယ်အသင်းဟာ မန်စီးတီးကွင်းလယ်လူ ကီဗင်ဖီးလစ်ကိုခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။ အင်္ဂလန်သားဟာ စီးတီးမှာ ရုန်းကန်နေရတာဖြစ်ပြီး နယူးကာဆယ်အပြင် ဂျူဗင်တပ်စ် နဲ့ ပဲလေ့စ်တိ့ုကလည်း စိတ်ဝင်စားနေကြပါတယ်။

#နယူးကာဆယ် #ဟိုဝီ #ပရီးမီးယားလိဂ်