ရှေ့သို့
Image

ငယ်ဘဝကကိုပြန်လည် ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတဲ့ ချဲလ်ဆီးစတား သီယာဂိုဆေးလ်ဗား

10:49 AM, 6 January

သတင်းတွေအရ ချဲလ်ဆီးစတား သီယာဂိုဆေးလ်ဗားဟာ အသင်းဟောင်းကလပ် ဖလူမီးနီးစ်ကိုပြောင်းရွှေ့ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဘရာဇီးသားဟာ မိခင်မြေကလပ်မှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပြီးနောက် အေစီမီလန်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ကနဦးတုန်းက မော်စကိုအသင်းထံ အငှားထွက်ကစားနေတာဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ အပြီးသတ်ပြောင်းရွှေ့ခဲ့ပါတယ်။

အသက် ၃၉ နှစ်သားဟာ ဖလူမီးနီးစ်အသင်းအတွက် ၁၄၃ ပွဲအထိ ပါဝင်ကစားခဲ့ပြီး အခုတော့ သတင်းတွေအရ ဆေးလ်ဗားတစ်ယောက် မိခင်မြေကိုပြန်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဆေးလ်ဗားနဲ့ ချဲလ်ဆီးတို့ကြား အနာဂတ်အခြေအနေက မသေချာသေးပဲ စာချုပ်သက်တမ်းက နွေရာသီမှာကုန်ဆုံးမှာဖြစ်ပါတယ်။

ဖလူမီးနီးစ်အသင်းဟာ ပြီးခဲ့တဲ့နှစ်က ကိုပါလီဘာတေးဒိုဖလား ရရှိထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘရာဇီးသားက ချဲလ်ဆီးအသင်းဟာ သူ့ရဲ့နောက်ဆုံးကလပ်ဖြစ်နိုင်တယ်လို့ ဝန်ခံပြောကြားထားခဲ့ပါတယ်။

“ကျွန်တော့်ကစားသမားဘဝက အပြီးသတ်ချိန်ရောက်နေပါပြီ။ အဲ့တာက မလွယ်ပါဘူူး။ အနားယူဖို့လိုချင်တယ်ဆိုရင် အဲ့တာကိုတွေးဖို့လိုအပ်ပါတယ်။ ချဲလ်ဆီးက ကျွန်တော့်ရဲ့နောက်ဆုံးကလပ်ဖြစ်နိုင်ပါတယ်။ အခုတော့ ချဲလ်ဆီးအသင်းအတွက်ပဲ အာရုံစိုက်ထားပါတယ်။ လာမယ့်နှစ်မှာ ဘာဖြစ်မလဲဆိုတာ မသိသေးပါဘူး။ ဒါပေမယ့် ကျွန်တော့်ကစားသမားဘဝနဲ့ပတ်သက်ပြီး အရမ်းပျော်နေပါတယ်”လို့ ဆေးလ်ဗားက ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ  နောက်ထပ်ကစားသမားတစ်ဦး လက်လွှတ်ရမယ့်အရေးနဲ့ ရင်ဆိုင်နေရပြီး ချာလိုဘတ်ကို တူချယ်က ခေါ်ယူချင်နေပါတယ်။

#ချဲလ်ဆီး #သီယာဂို ဆေးလ်ဗား #ပရီးမီးယားလိဂ်