ရှေ့သို့
Image

ရုန်းကန်နေရတဲ့ အာဆင်နယ်စတားကို ကာကွယ်ပြောကြားလိုက်တဲ့ ဒေးဗစ်ဆီးမန်း

10:04 AM, 6 January

ဂန်းနားတွေဟာ ပရီးမီးယားလိဂ်မှာ ဝက်စ်ဟမ်းနဲ့ ဖူလ်ဟမ်တို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံအခွင့်အရေးအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။ အာဆင်နယ်ဟာ နောက်ဆုံး ၅ပွဲတွင် ၁ ပွဲသာ အနိုင်ရရှိထားတာကြောင့် ဇင်ချန်ကိုကလည်း ဝေဖန်ခံနေရတဲ့ကစားသမားတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

ဂန်းနားကစားသမားဟောင်း ပေါလ်မာဆင်က မကြာသေးမီကပင် ပရီးမီးယားလိဂ်ချန်ပီယံလုပွဲအတွက် စိုးရိမ်စရာဖြစ်စေတဲ့ အာဆင်နယ်ကြယ်ပွင့်အဖြစ် ဇင်ချန်ကို ကို သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ဒီအတောအတွင်း ပြီးခဲ့တဲ့လက ချန်ပီယံပြိုင်ဘက် လီဗာပူးနဲ့ အာဆင်နယ်တို့ ၁-၁ ဂိုးသရေကျပြီးနောက် အီယန်ရိုက်စ်က ဇင်ချန်ကို ကို ဝေဖန်ခဲ့ပါတယ်။

ဒီဇင်ဘာလအစောပိုင်းတုန်းက ဝုဗ်နှင့်ပွဲတွင် အမှားကျူးလွန်ခဲ့တဲ့ ဇင်ချန်ကိုကို အာတီတာက ကာကွယ်ပေးခဲ့ပါတယ်။ ဆီးမန်းဟာ ယူကရိန်းလက်ရွေးစင် ဘယ်နောက်ခံလူကို ပြင်းပြင်းထန်ထန် ဝေဖန်ဖို့ ငြင်းဆိုထားပြီး အာဆင်နယ်ရဲ့ ပြဿနာတွေက ကွင်းရဲ့တခြားနေရာမှာ ရှိနေတယ်လို့ ထင်နေတာဖြစ်ပါတယ်။

မကြာသေးမီက ဇင်ချန်ကိုအပေါ် ဝေဖန်မှုများနှင့် ရီးရဲလ်ဆိုစီဒက်စ်သို့ ဘယ်နောက်ခံလူ တီယာနေးကို အငှားချလိုက်တာက အမှားအယွင်းရှိခဲ့လားလို့မေးရာ ဆီးမန်းက သူ့ရဲ့ podcast တွင် "သူတို့က မတူညီတဲ့ ကစားသမားတွေပါ။ တီယာနေးက ခံစစ်ပိုဆန်သလို ဇင်ချန်ကိုက ကွင်းလယ်သို့ ဝင်ကစားတဲ့အခါ တိုက်စစ်ကို ပိုပြီးပံ့ပိုးပေးနိုင်ပါတယ်" "သူ့ကို အာရုံစိုက်မှုတွေ အများကြီးရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ဒါက အသင်းလိုက် ခံစစ်ကစားဖို့ပါ။ ကစားသမားတစ်ဦးတည်းကို ဝေဖန်ပြောတာကို ကျွန်တော်မကြိုက်ပါဘူး"

"အာဆင်နယ်က ဖန်တီးထားတဲ့ အခွင့်အရေးတွေကို ကြည့်လိုက်တဲ့အခါ ခရစ္စမတ်စ်ဝန်းကျင်မှာ ကစားခဲ့တဲ့ပွဲတွေမှာ အခွင့်အရေးတွေ အများကြီးပဲ။ ၃ ပွဲမှာ ၅၆ ကြိမ်ကန်းသွင်းတယ်ဆိုတာ ဘာလောက်ကောင်းလဲ။ ဒီကန်ချက်တွေက အများကြီးပါပဲ။ ၂ ဂိုးပြန်ရဖို့အတွက်က ပြဿနာက ဘယ်မှာလဲ ဂိုးသွင်းတဲ့သူတွေမှာ ပြဿနာရှိနေတာပါ" "ခံစစ်ပိုင်းနဲ့ ကွင်းလယ်မှာ အဆင်ပြေနေပေမယ့် တိုက်စစ်မှုးတွေက နည်းနည်းတော့ လွဲနေပါတယ်။ ဒါဟာ ယုံကြည်မှုတစ်ခုပါပဲ" "အန်ကီတီယာဟာ ဖူလ်ဟမ်နဲ့ပွဲမှာ အခွင့်အရေးအများကြီး မရခဲ့ပါဘူး။ ဂျီးဆပ်ကလည်း ဝက်စ်ဟမ်းနဲ့ပွဲမှာ အနည်းအကျဉ်းပဲ ရှိခဲ့ပေမယ့် ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူး။ ဒါက ရာသီကုန်မှ မှန်တာထက် စောစောစီးစီးကတည်းက ရောက်လာတဲ့ အခိုက်အတန့်တစ်ခုပဲလို့ မျှော်လင့်ပါတယ်" လို့ ဆီးမန်းက ပြောပါတယ်။ #အာတီတာ #အာဆင်နယ် #ဒေးဗစ်ဆီးမန်း #ပရီးမီးယားလိဂ်