ရှေ့သို့
Image

ဆန်းဒါးလန်းနှင့် ပွဲစဉ်မတိုင်မီ ဝီလ်ဆင်နှင့် ထရစ်ပီယာတို့ရဲ့ ဒဏ်ရာအခြေအနေများကို ပြောကြားလိုက်တဲ့ အက်ဒီဟိုဝီ

10:02 AM, 6 January

လေ့ကျင့်ရေးတွင် ပေါင်ခြံဒဏ်ရာရရှိခဲ့တဲ့ ထရစ်ပီယာဟာ လီဗာပူးအား ၄-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲကို လွဲချော်ခဲ့သလို ဘောက်ဆင်ဒေးပွဲအဖြစ် နော်တင်ဟမ်ဖောရက်စ်အား ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ တိုက်စစ်မှုး ဝီလ်ဆင်က ခြေသလုံးဒဏ်ရာ ရရှိခဲ့တာကြောင့် ကုသမှုခံယူနေရတာဖြစ်ပါတယ်။

အက်ဒီဟိုဝီရဲ့ ဒဏ်ရာကစားသမားစာရင်းက ဆက်လက်များပြားနေသော်လည်း အနည်းဆုံးကစားသမားတစ်ဦး ပြန်ကောင်းလာပြီး စနေနေ့တွင် ရွေးချယ်ရန်အဆင်သင့်ဖြစ်ဖို့ မျှော်လင့်ထားပါတယ်။

"ဒီနေ့မှာ ထရစ်ပီယာက နောက်ကျတဲ့ စမ်းသပ်မှုတစ်ခု လုပ်မှာပါ။ ပြီးတော့ သူ့ဒဏ်ရာက ဘယ်လိုနေလဲဆိုတာ ကြည့်ရမှာပါ" "ဝီလ်ဆင်ရဲ့ဒဏ်ရာက သိပ်မဆိုးပါဘူး ဒါပေမယ့် သူ့ကိုဒီပွဲနဲ့ နောက်ထပ်ပွဲတွေမှာ ဖယ်ထားမယ်ဆိုရင် လုံလောက်ပါတယ်။ ဒါပေမယ့် သူ့ကို အက်စတွန်ဗီလာနဲ့ပွဲမှာ ပြန်ကစားနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်" လို့ နည်းပြက ပြောပါတယ်။

အက်ဒီဟိုဝီရဲ့ အသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲမှာ ၁ ပွဲသာ အနိုင်ရပြီး ဖိအားတွေအောက်သို့ ရောက်ရှိနေပါတယ်။ စနေနေ့ပွဲကတော့ Tyne-Wear ပြိုင်ဆိုင်မှုဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် နယူးကာဆယ်ရဲ့ ချန်ပီယံရှစ်သို့ တန်းဆင်းခဲ့ရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ကစားတဲ့ပွဲလည်းဖြစ်ပါတယ်။

နယူးကာဆယ်ဟာ နောက်ရာသီတွင် ပထမအကြိမ်အဖြစ် ပရီးမီးယားလိဂ်သို့ ပြန်လာချိန်တွင် ဆန်းဒါးလန်းကတော့ ချန်ပီယံရှစ်သို့ တန်းဆင်းခဲ့ရပြီး နောက်ဆုံးတွင် လိဂ်ဝမ်းသို့ပါ တန်းဆင်းခဲ့ရတာဖြစ်ပါတယ်။ ကြောင်နက်တွေဟာ ပိုင်ရှင်သစ်ရဲ့ ပြန်လည်လုပ်ဆောင်မှုအောက်တွင် မကြာသေးမီနှစ်များအတွင်း ပြန်လည်ရှင်သန်လာခဲ့ကာ ချန်ပီယံရှစ်သို့ တန်းတက်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ပလေးအော့ဖ်ဆီမီးဖိုင်နယ်သို့ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်ကတော့ ၎င်းတို့ရဲ့အရှေ့မြောက်ပိုင်း ပြိုင်ဘက်များနှင့် တွေ့ဆုံခဲ့တဲ့ပွဲများတွင် ရှုံးနိမ့်ထားပြီး နောက်ဆုံးအကြိမ်အဖြစ် ၂၀၁၁ ခုနှစ် ဩဂုတ်လတွင်သာ အနိုင်ရရှိထားကာ အဆိုပါစံချိန်တွေကို ချိုးဖျက်ဖို့ အက်ဒီဟောင်းက မျှော်လင့်နေမှာဖြစ်ပါတယ်။

"ဒီပွဲက အားလုံးအတွက် ဘာကိုဆိုလိုတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကိုယ်တိုင် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်" "မဲခွဲပွဲအပြီးမှာ ကစားသမား နှစ်ယောက်ကို ပွဲအကြောင်းပြောဖို့ ကျွန်တော်က အခွင့်အရေးပေးခဲ့ပါတယ်။ အဲဒီကတည်းက ကစားသမားတွေက ဒီပွဲဟာ ဘာကိုဆိုလိုတယ်ဆိုတာ သိပါတယ်" လို့ အက်ဒီဟိုဝီက ပြောပါတယ်။

#နယူးကာဆယ် #ထရစ်ပီယာ #ဟိုဝီ #ဝီလ်ဆင် #ပရီးမီးယားလိဂ်