ရှေ့သို့
Image

ဝက်စ်ဟမ်းကို မပြောင်းခင် ဒီကလန်ရိုက်တစ်ယောက် ဆဲလ်တစ်ပြောင်းဖို့ နီးစပ်ခဲ့ကြောင်း ဘရန်ဒန်ရော်ဂျာ ထုတ်ဖော်ပြောကြား

1:18 PM, 5 January

လက်စတာနည်းပြဟောင်း ဘရန်ဒန်ရော်ဂျာက ဒီကလန်ရိုက်စ်တစ်ယောက် ဝက်စ်ဟမ်းကို မပြောင်းခင် ဆဲလ်တစ်ကိုပြောင်းဖို့ နီးစပ်ခဲ့သေးတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ရော်ဂျာက အခုလထဲမှာအသင်းလူအင်အားကိုဖြည့်တင်းဖို့ ပြင်ဆင်နေပြီး အင်္ဂလန်သား ဝက်စ်ဟမ်းကနေ အာဆင်နယ်ထံပြောင်းခဲ့တာကို ထုတ်နုတ်ပြခဲ့ပါတယ်။ အင်တာဗျူးတစ်ခုမှာ ရော်ဂျာက အသင်းကို အကျိုးပြုနိုင်မယ့် ကစားသမားမျိုးကို ခေါ်ယူချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဆဲလ်တစ်နည်းပြက  “ဒီအသင်းအတွက် ကျွန်တော်အရာအားလုံး လုပ်ဆောင်သွားမှာပါ။ အသင်း လိုအပ်နေတာဘာလဲဆိုတာရယ် လိုအပ်ချက်တွေရယ်ကို ဖြည့်တင်းမှာပါ။ အများကြီးအလုပ်လုပ်ဖို့ လိုအပ်နေသေးတယ်ဆိုတာ မြင်ရပါတယ်။ ကျွန်တော်ရိုက်စ်ကိုလိုချင်ခဲ့တာပါ။ သူက တကယ့်ကိုထိပ်တန်းကစားသမား တစ်ဦးဖြစ်ပြီး လိုချင်တဲ့အသင်းတွေလည်း များပါတယ်။ ပထမဆုံးအကြိမ် ကျွန်တော်ဒီမှာရှိနေတုန်းက ရိုက်စ်ကို ၃ လလောက်အထိ စောင့်ကြည့်ခဲ့တာပါ။ အဲ့အချိန်မှာ ဝက်စ်ဟမ်းက ဒဏ်ရာရရှိခဲ့ပြီး သူတို့က အရခေါ်ယူသွားခဲ့ပါတယ်။ ကျွန်တော်တို့လိုချင်တဲ့ကစားသမားကို စောင့်ကြည့်လေ့ရှိပါတယ်။ ပြီးတော့ နွေရာသီမတိုင်ခင်အထိ အခြားရွေးချယ်စရာကစားသမားတွေကိုလည်း စောင့်ကြည့်လေ့ရှိပါတယ်။ ကျွန်တော် အသင်းလူအင်အား တိုးတက်အောင် ဘာလုပ်ရမလဲဆိုတာ သိပါတယ်။ အသင်းအတွက် အကျိုးပြုဖို့ ကျွန်တော် လုပ်ဆောင်သွားမှာပါ”လို့ ရော်ဂျာက ပြောကြားခဲ့ပါတယ်။

ရော်ဂျာက အခုလထဲမှာအသင်းရဲ့အနေအထားကို လျော့ချဖို့ပြင်ဆင်နေပါတယ်။ “ကျွန်တော်ကစားသမားတွေနဲ့ စကားပုံမှန်ပြောဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အခြားကစားသမားတွေ ထွက်ချင်သလားဆိုတာ စောင့်ရပါမယ်။ ကစားသမားအဝင်မရှိဘူးဆိုရင် ကျွန်တော်တို့ ဒုတိယရာသီဝက်အတွက် တောင့်တင်းတဲ့ လူအင်အားရှိအောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်”လို့ ရော်ဂျာက ထပ်လောင်းပြောကြားခဲ့ပါတယ်။

#ဝက်စ်ဟမ်း #အပြောင်းအရွှေ့ #ရော်ဂျာ #ဆဲလ်တစ် #ကလန် ရိုက်စ်