ရှေ့သို့
Image

အမ်ဘာပေရဲ့အနာဂတ် မှတ်ချက်များကြောင့် စိတ်ပျက်ဒေါသထွက်နေတဲ့ ရီးရဲလ်မက်ဒရစ်

12:38 PM, 5 January

ရီးရဲလ်မက်ဒရစ်အသင်းဟာ ယခုနွေရာသီ အပြောင်းအရွှေ့ကာလအထိ အမ်ဘာပေနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုများအားလုံးကို နောက်ကွယ်တွင် ထားရှိရန် စိတ်အားထက်သန်နေပြီး တစ်ရာသီလုံး မီဒီယာများကို ရှောင်ရှားခဲ့သော်လည်း ဗုဒ္ဓဟူးနေ့ညတွင် ပြင်သစ်တိုက်စစ်မှုးက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒီအကြောင်းတွေကို ရီးရဲလ်မက်ဒရစ်က ကြားချင်မှာတော့ မဟုတ်ပါဘူး။

သူ့ရဲ့အနာဂတ်မှာ ဘယ်လိုပဲဖြစ်နေပါစေ နှစ်ဦးနှစ်ဖက်စလုံးက ထုတ်ဖော်ပြောကြားထားခြင်း မရှိပါဘူးလို့ အမ်ဘာပေက ပြင်သစ်သတင်းဌာနကို ပြောကြားခဲ့ပြီး သူ့ရဲ့ဆုံးဖြတ်ချက်ကို မချရသေးကြောင်း ဝန်ခံခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းဟာ အမ်ဘာပေကို ဇန်နဝါရီလလယ်နောက်ဆုံးထားပြီး အကြောင်းပြန်ပေးရမယ်လို့ ပြောဆိုထားကြောင်း သတင်းတွေ ထွက်နေပါတယ်။

Diario AS မှ ရရှိထားတဲ့သတင်းများအရ ထိုညမှာပြောဆိုခဲ့တဲ့ အမ်ဘာပေရဲ့ ပြောစကားတွေကို ဆန်တီယာဂို ဘာနေဗျူးက ကောင်းစွာလက်ခံနိုင်ခြင်း မရှိသေးကြောင်း ပက်ဒရီရိုက ပြောကြားခဲ့ပါတယ်။

"ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေရဲ့ ပြောစကားကို မကျေမနပ်ဖြစ်နေပါတယ်။ သူတို့က တစ်ရာသီလာက်ကြာမယ့် ဇာတ်လမ်းထဲ မပါဝင်ချင်ပါဘူး။ ဒါကို အမ်ဘာပေက ပြောခဲ့ပုံပေါ်ပါတယ်" လို့ ပက်ဒရီရိုက ဆိုပါတယ်။

ပြင်သစ်တိုက်စစ်မှူးကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရရှိနိုင်မှာဖြစ်ပြီး သူဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကလည်း ကိုယ်ပိုင်စည်းမျဉ်းများဖြင့် လုပ်ချင်တာကို လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ထိုပုံစံကို ပြောင်းပြန်လှန်ရန် စိတ်အားထက်သန်နေပြီး သူတို့အသင်းဟာ အခြားအသင်းများထက် ကစားသမား ရွေးချယ်ချင်နေတဲ့ အသင်းဖြစ်တယ်လို့ စိတ်ကြီးဝင်နေကာ စာချုပ်ကနေ နှုတ်ထွက်ခြင်း၊ အမ်ဘာပေရဲ့ စာချုပ်ကို ထိန်းချုပ်ခြင်းများလုပ်လိုနေတာဖြစ်ပါတယ်။

#ပြင်သစ် #ရီးရဲလ်မက်ဒရစ် #အပြောင်းအရွှေ့ #အမ်ဘာပေ