ရှေ့သို့
Image

အိုးထရက်ဖို့ဒ်ကို ရောက်လာဖို့ မော်ရင်ဟိုက ဘယ်လိုစည်းရုံးခဲ့တယ်ဆိုတာ ပြောပြလာတဲ့ဘိုင်လီ

2:49 PM, 4 January

ယူနိုက်တက်ခံစစ်မှူးဟောင်း အဲရစ်ဘိုင်လီက နည်းပြမော်ရင်ဟိုဟာ သူအိုးထရက်ဖို့ဒ်ကို ရောက်လာဖို့ ဘယ်လိုစည်းရုံးခဲ့တယ်ဆိုတာ ပြောပြလာခဲ့ပါတယ်။ ဘိုင်လီဟာ ၂၀၁၆ခုနှစ် နွေရာသီက မော်ရင်ဟိုကိုင်တွယ်နေတဲ့ ယူနိုက်တက်အသင်းထံ ရောက်ရှိလာခဲ့ပါတယ်။

ဘိုင်လီက"၂၀၁၆ မှာ အိုင်ဗရီကို့စ်ကို ကျွန်တော်က အားလပ်ရက်ပြန်နေတာ။ အဲဒီမှာ ပေါ်တူဂီနံပါတ်တခုနဲ့ ဖုန်းဝင်လာခဲ့တယ်။ ပေါ်တူဂီမှာ ကျွန်တော်နဲ့ သိတဲ့သူက တယောက်မှမရှိဘူးလေ။ ပြီးတော့ ပေါ်တူဂီလိုလည်း ကျွန်တော်မပြောတတ်ဘူး။ အသင်းဖော်တွေလားပေါ့။ ကျနော်စဉ်းစားမိတယ်" "ဘယ်သူလဲလို့ မေးတော့ အဲဒါ မော်ရင်ဟိုဖြစ်နေတယ်။ မင်း ငါ့အတွက် မန်ချက်စတာယူနိုက်တက်မှာ ကစားချင်လားဆိုပြီး သူ မေးတော့တာပဲ။

"ကျွန်တော်ကို လာလိမ်နေတယ်လို့ပဲ ထင်ခဲ့တာ။ တယောက်ယောက်က ဟာသလုပ်နေတာပေါ့လေ။ မော်ရင်ဟိုက ကျွန်တော့်ကို ဖုန်းခေါ်တယ်ဆိုတာ ဘယ်သူက ယုံမှာလဲ" "မင်း မော်ရင်ဟိုဆိုတာ ငါ့ကို သက်သေပြဖို့ ဗီဒီယိုကောလ်ခေါ်လိုက်လို့ ကျွန်တော်ပြောလိုက်တယ်။ သူ အဲလိုလုပ်ပေးခဲ့ပါတယ်။ ကျွန်တော့်ဘေးနားမှာ အမေရှိတယ်။ မော်ရင်ဟိုကို တွေ့ခဲ့ရပြီးတော့ မန်ချက်စတာယူနိုက်တက်အတွက် မင်းကို ငါ လိုချင်တယ်တဲ့။ ကျွန်တော် ခေါင်းငြိမ့်လိုက်တော့တာပဲ။ မငြင်းနိုင်ခဲ့ဘူး"လို့ ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဘိုင်လီ #ပရီးမီးယားလိဂ်