ရှေ့သို့
Image

နွေရာသီမှာ အိုလီစီကို ခေါ်ယူရန် ကြံစည်နေတဲ့ ဆာဂျင်ရက်ကလစ်ဖ်

2:35 PM, 4 January

ယူနိုက်တက်ဟာ ခရစ္စတယ်ပဲလေ့စ်တောင်ပံကစားသမား မိုက်ကယ်အိုလီစီကို ဆာဂျင်မ်ရက်ကလစ်ဖ်ခေတ်ရဲ့ ပထမဆုံး အဓိကပစ်မှတ်တွေထဲက တစ်ဦးအဖြစ် သတ်မှတ်လိုက်ပါတယ်။

ဗြိတိန်ဘီလီယံနာဟာဟာ ခရစ္စမတ်အကြိုတွင် ကလပ်ရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူကြောင်း ကြေညာ ခဲ့ပြီး ဘောလုံးဆိုင်ရာလုပ်ငန်းများကို ချက်ချင်းထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဲ့ဒီထဲမှာ ယူနိုက်တက်ရဲ့မအောင်မြင်သော အပြောင်းအရွှေ့မူဝါဒကို အလုံးစုံ ပြန်လည်ပြင်ဆင်ခြင်း ပါ၀င်နေပြီး Standard အစီရင်ခံစာများအရ အိုလီစီ အတွက် ပြောင်းရွှေ့မှုတစ်ခု ပါဝင်နိုင်နေပါတယ်။ ပဲလေ့စ်တောင်ပံကစားသမားကို တန်ဟက်ရဲ့ရှေ့တန်းမှာ ပြန်လည် အသက်သွင်းနိုင်မယ်လို့ ရက်ကလစ်ဖါရဲ့ INEOS အဖွဲ့က ယုံကြည်နေပါတယ်။

လက်ရှိရာသီမှာ ရှက်ဖီးယူနိုက်တက်နဲ့ ဘန်လေတို့သာ ပရီးမီးယားလိဂ်သွင်းဂိုး ၂၂ ဂိုး သွင်းယူထားတဲ့ သရဲနီတွေထက် ဂိုးပိုနည်းနေတာဖြစ်ပါတယ်။ ဆန့်ကျင်ဘက်အားဖြင့်တော့ အိုလီစိဟာ ပဲလေ့စ်အတွက် ကောင်းမွန်တဲ့ပုံစံနဲ့ ကစားပေးနေပြီး သူ့ရဲ့နောက်ဆုံးလိဂ်ပွဲစဉ် ၄ ပွဲမှာ ၄ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားပါတယ်။ သို့သော်လည်း  ဩဂုတ်လတွင် တစ်ပတ်လုပ်ခ ပေါင် ၁၀၀၀၀၀ (ဒေါ်လာ ၁၂၆၀၀၀) ဖြင့် စာချုပ်သစ် ချုပ်ဆိုခဲ့ပြီးနောက် အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမားကိုခေါ်ယူဖို့ စာချုပ်ဖျက်သိမ်းခအသက်ဝင်မယ့် လာမယ့်နွေရာသီအထိ‌ စောင့်ရမှာဖြစ်တယ်လို့ Standard က ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီက ချဲလ်ဆီးခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ ပေါင် ၃၅ သန်း (ဒေါ်လာ ၄၄ သန်း) အထက်ဖြစ်မှ အဆင်ပြေမယ်လို့ ယူဆရပါတယ်။

ယူနိုက်တက်ရဲ့ချဉ်းကပ်မှုဟာ ဘဏ္ဍာရေးမျှတစည်းမျဉ်းများကြောင့်လည်း သက်ရောက်မှုရှိနေပြီး ဇန်နဝါရီ အပြောင်းအရွှေ့များတွင် ငြိမ်သက်နေနိုင်တယ်လို့ အသင်းပရိသတ်များကို ပြီးခဲ့တဲ့လက ကလပ်မှ ပြောကြားထားပါတယ်။ ရက်ကလစ်ဖ်ရဲ့ ရင်းနှီးမြုပ်နှံမှုဟာ နွေရာသီတွင် အိုလီစီ လိုကစားသမားတွေ ဝယ်ယူနိုင်မှုအတွက် လွယ်ကူချောမွေ့စေမှာဖြစ်သော်လည်း ဖေဖော်ဝါရီလအထိတော့ မျှော်လင့်လို့မရနေတာဖြစ်ပါတယ်။

ဇန်န၀ါရီလဟာ သရဲနီတွေအတွက် အလုပ်များတဲ့လဖြစ်နိုင်တယ်လို့ ဆိုနိုင်ပါတယ်။ ယူနိုက်တက်ဟာ စာချုပ်သက်တမ်းတိုးရန် ငြင်းဆိုခဲ့ပြီးနောက် မာရှယ်နှင့် ဗာရာနီတို့ကို အခြားကလပ်များနှင့် ညှိနှိုင်းနိုင်ကြောင်း ပြောကြားထားပါတယ်။ ဆန်ချိုကတော့ နောက်ဆုံးတွင် ဒေါ့မွန်အသင်းထံ အငှားဖြင့် ပြောင်းရွှေ့သွားမှာဖြစ်ပြီး၊ ဗန်ဒီဘိခ်ကလည်း ဖရန့်ဖက်သို့ အငှားဖြင့် ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #ဆာဂျင်မ်ရက်ကလစ်ဖ် #အိုလီစီ