ရှေ့သို့
Image

ရီးရဲလ်မက်ဒရစ်တွင် ဘယ်လင်ဂမ်ရဲ့ချက်ချင်းအကျိုးသက်ရောက်မှုအပေါ် အံ့အားသင့်ခဲ့ရတဲ့ ပက်ဒရီ

2:22 PM, 4 January

ဘာစီလိုနာကွင်းလယ်ကစားသမား ပက်ဒရီက ရီးရဲလ်မက်ဒရစ်တွင် ဘယ်လင်ဂမ်ရဲ့ ချက်ချင်းအကျိုးသက်ရောက်မှုအပေါ် အံ့အားသင့်ခဲ့ရကြောင်း ဝန်ခံခဲ့ပါတယ်။

ဘယ်လင်ဂမ်ဟာ စပိန်ထိပ်တန်းလိဂ်တွင် ဂိုးများသွင်းယူထားပြီး နွေရာသီတွင် ဒေါ့မွန်မှ ပြောင်းရွှေ့လာကတည်းက အန်ဆယ်လော့တီရဲ့အသင်းမှာ အဓိက ကစားသမားဖြစ်ခဲ့ပါတယ်။ အယ်လ်ကလက်စီကိုပွဲတွင် ဧရိယာအပြင်ဘက်က သွင်းယူခဲ့တဲ့ဂိုးကြောင့် သူရဲကောင်းအဖြစ် ပေါ်ထွက်ခဲ့ပြီး ကြိုတင်မှန်းဆနိုင်တဲ့ အရည်အချင်းကိုပြသခဲ့တဲ့ ပက်ဒရီကတော့ အဆိုပါဂိုးကို အရန်ခုံကနေသာကြည့်နိုင်ခဲ့ပါတယ်။

Twitch streamer အိုင်ဘိုင်အယ်လန်နိုစ်နှင့် အင်တာဗျူးတွင် ပက်ဒရီက "ဘယ်လင်ဂမ်က ကျွန်တော့်ကို အများကြီး အံ့အားသင့်စေခဲ့ပါတယ်။ သူရဲ့ကန်ချက်တိုင်းက ဂိုးအတွင်းအဆုံးသတ်တဲ့ ပုံစံနဲ့ ရှိနေပါတယ်" လို့ ပြောပါတယ်။

ပက်ဒရီဟာ တံကောက်ကြောဒဏ်ရာကြောင့် ပထမရာသီဝက်ပွဲတွေကို သိသိသာသာ လွဲချော်ခဲ့ပါတယ်။ နိုဝင်ဘာလတွင် ပြန်ကစားနိုင်ပြီး လာလီဂါ ပွဲစဉ် ၆ ပွဲဆက်တိုက် ကစားခဲ့သော်လည်း ဘာစီလိုနာအသင်းနှင့် အယ်လ်မာရီးယားတို့နှင့် ကစားမယ့်ပွဲမတိုင်မီ လေ့ကျင့်ရေးတွင် ကြွက်သားဒဏ်ရာ ရရှိခဲ့တာကြောင့် ရက်အကန့်အသတ်မရှိ နားနေရတာဖြစ်ပါတယ်။

သူ့ရဲ့ဒဏ်ရာအကြောင်းပြောရင်း ပက်ဒရီက "ကျွန်တော်က ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းနေရပေမယ့် နေကောင်းပါတယ်။ လူတစ်ချို့က ကျွန်တော့်ဘဝနေထိုင်မှုပုံစံက ဒဏ်ရာဖြစ်စေတဲ့အကြောင်းအရင်းလို့ ပြောတဲ့အခါ အရမ်းနာကျင်ရပါတယ်။ ကျွန်တော်က အပြင်လည်းမထွက်သလို ပါတီပွဲတွေကို ကြိုက်တဲ့သူမဟုတ်ပါဘူး။ နောက်ကျမှထပြီး လေ့ကျင့်ရတာကို နှစ်သက်ပြီး ဘောလုံးကိုသာ ကစားချင်နေသူဖြစ်ပါတယ်။ ဘယ်အချိန်ပြန်ကစားနိုင်မလဲဆိုတာ မသိသေးပါဘူး" လို့ ပြောပါတယ်။

ပက်ဒရီဟာ ဇန်နဝါရီ ၄ ရက် ဘာစီလိုနာရဲ့ လက်စ်ပါးမားနှင့် ကစားမယ့်ပွဲကို လွဲချော်မှာဖြစ်ပေမယ့် ဇန်နဝါရီလ တတိယပတ် စပိန်စူပါဖလားပြိုင်ပွဲအပြီးမှာ ပြန်လည်ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဘယ်လင်ဂမ်ကတော့ ဗုဒ္ဓဟူးနေ့ ရီးရဲလ်မက်ဒရစ်နှင့် မာယော့ကာတို့ကစားမယ့်ပွဲမှာ ဂိုးသွင်းနိုင်ဖို့ လုပ်ဆောင်နေမှာဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ရီးရဲလ်မက်ဒရစ် #ပက်ဒရီ #ဘယ်လင်ဂမ်