ရှေ့သို့
Image

ဘဏ္ဍာရေးစည်းမျည်းကြောင့် ကစားသမား ၂ ဦးကို ဇန်နဝါရီမှာ အငှားနဲ့ ခေါ်ယူဖို့ ပြင်ဆင်လာတဲ့ ယူနိုက်တက်

8:47 AM, 3 January

သတင်းတွေအရ ယူနိုက်တက်အသင်းဟာ ဇန်နဝါရီမှာ တိုက်စစ်ပိုင်းနေရာမှာ တီမိုဝါနာနဲ့ ချူပါမိုတင်းတို့ကို အငှားနဲ့ ခေါ်ယူဖို့ ပြင်ဆင်လာတယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီမှာ ဟွိုက်လန်း ၊ မာရှယ်တို့ရှိနေပေမယ့်လည်း ပရီးမီးယားလိဂ်မှာ ၁ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ အက်သလက်တစ်သတင်းဌာနရဲ့အဆိုအရ ယူနိုက်တက်ဟာ ဘိုင်ယန်စတား ချူပါမိုတင်းနဲ့ လိုက်ပ်ဇစ်စတား တီမိုဝါနာတို့ကို အငှားနဲ့ခေါ်ယူဖို့ လုပ်ဆောင်နေတယ်လု့ိဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်အတွင်းယူနိုက်တက်ဟာ ပေါင်သန်း ၄၀၀ လောက်အထိ အသုံးပြုထားခဲ့တာကြောင့် ဘဏ္ဍာရေးအခြေအနေ ကန့်သတ်ချက်ရှိနေတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ၂၀၂၀ တုန်းက ဇန်နဝါရီအပြောင်းအရွှေ့မှာ ဝက်ဖို့ဒ်တိုက်စစ်မှူး အီဂါလိုကို အငှားနဲ့ခေါ်ယူခဲ့သလို ဝက်ဟော့စ်နဲ့ ဆာဘစ်ဇာတို့ကိုလည်း အငှားနဲ့ခေါ်ယူခဲ့ပါတယ်။

အဆိုပါကစားသမား ၃ ဦးစလုံးဟာ ပရီးမီးယားလိဂ်ဂိုးမသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ မိုတင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ ၁၇ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ကိန်းရောက်လာခဲ့ပြီးနောက်မှာ ဒီရာသီလူစားဝင်ခွင့်သာရရှိထားခဲ့ပါတယ်။ ဒါ့အပြင် ဒီရာသီဘွန်ဒက်စ်လီဂါမှာလည်း ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း ပွဲထွက်ခွင့်မရသေးတာဖြစ်ပါတယ်။

ဝါနာကတော့ ဒီရာသီလိုက်ပ်ဇစ်အတွက် ၈ ပွဲသာ ပါဝင်ခွင့်ရရှိထားခဲ့ကာ ၂ ပွဲ ပွဲထွက်ပါဝင်ခွင့် ရရှိခဲ့ကာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်တနလာၤနေ့မှာ ကန်မယ့် ဝီဂန်နဲ့ အက်ဖ်အေဖလား ပွဲမတိုင်ခင် အဖျားဝေဒနာကနေ ပြန်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။

ဒိန်းမတ်သားနဲ့ ပြင်သစ်သားဟာ ပြီးခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်ကို အရေးနိမ့်ခဲ့တဲ့ပွဲတုန်းက လွဲချော်ခဲ့တာဖြစ်ပြီး ရက်ရှ်ဖို့ဒ်က တိုက်စစ်မှာ ဦးဆောင်လာခဲ့ရတာ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #လိုက်ပ်ဇစ် #အပြောင်းအရွှေ့ #ဝါနာ #ဘိုင်ယန်မြူးနစ် #ချူပါမိုတင်း