ရှေ့သို့
Image

ဘာစီလိုနာမှာ သူဖြစ်ချင်တဲ့ ကစားသမားမျိုးမဖြစ်သေးကြောင်း ဖရန်ကီဒီဂျောင် ပြောကြား

9:37 AM, 2 January

ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီဒီဂျောင်က သူ့အနေနဲ့ ဘာစီလိုနာမှာ တိုးတက်ဖို့အများကြီး လိုအပ်နေသေးတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

နယ်သာလန်သားဟာ ဘာစီလိုနာကနေ ထွက်ခွာဖို့ ချိတ်ဆက်ခြင်းတွေခံနေရပေမယ့် အသင်းကနေ ဘယ်မှမပြောင်းဖို့ ရှင်းရှင်းလင်းလင်းပြောကြားထားခဲ့တာဖြစ်ပါတယ်။ ဒီဂျောင်ဟာ သူ့ရဲ့အိပ်မက်အသင်းမှာပဲ ဆက်လက် ကစားချင်နေတာဖြစ်ပြီး ဇာဗီနဲ့အတူ ဆုဖလားတွေ ပိုမိုကိုင်မြှောက်ချင်နေပါတယ်။

“ကျွန်တော်ဒီမှာ လိုချင်တဲ့ဖြစ်ချင်တဲ့ ကစားသမားမျိုးမဖြစ်သေးပါဘူး။ ကျွန်တော်လိုချင်တဲ့ ဆုဖလားတွေလည်း မရသေးသလို ကျွန်တော်ဖြစ်ချင်တဲ့ ကစားသမားလည်းမဖြစ်သေးပါဘူး။ ကျွန်တော့်မှာ အချိန်ရှိနေပါသေးတယ်။ အခုထက်ပိုပြီးတိုးတက်အောင်လုပ်ဖို့ လိုအပ်သလို ကျွန်တော်အဲ့လိုမျိုးဖြစ်အောင်လည်း လုပ်နိုင်သမျှမြန်မြန်လုပ်နေပါတယ်။ မတူညီတဲ့နည်းတွေနဲ့ ဆုံးဖြတ်ချက်ချဖို့ လိုအပ်ပါတယ်။ ဆုံးဖြတ်ချက်တွေက တစ်ခါတလေ ဂိုးတွေ ၊ ဂိုးဖန်တီးမှုတွေနဲ့ ချိတ်ဆက်နေပါတယ်။ အဲ့တာက ကျွန်တော့်နေရာအတွက် မတူညီတာတွေ ဖြစ်နိုင်ပါတယ်။ ကျွန်တော် မတူညီတဲ့ နည်းလမ်းနဲ့ အရေးပါတဲ့သူဖြစ်ချင်ပါတယ်။ ကျွန်တော်လိုချင်တဲ့ ကစားသမားမျိုး မဖြစ်သေးတာကြောင့် ကျွန်တော်တိုးတက်ဖို့ လိုအပ်နေပါသေးတယ်”လို့ ဒီဂျောင်က ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာဟာ ဒီဂျောင်နဲ့အတူ ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ဖို့ အလိုရှိနေပြီး နယ်သာလန်သားကလည်း ဒီရာသီဇာဗီရဲ့အသင်းမှာ အဓိက ကစားသမားတစ်ဦးအဖြစ်ခြေစွမ်းပြနေတာဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဒီဂျောင်