ရှေ့သို့
Image

ပရီးမီးယားလိဂ်အောက်အသင်းတွေဆီကနေ ကမ်းလှမ်းမှု လက်ခံရရှိခဲ့တဲ့ ဒီဂီယာ

8:55 AM, 2 January

ယူနိုက်တက်ဂိုးသမားဟောင်း ဒီဂီယာတစ်ယောက် ပရီးမီးယားလိဂ်အောက်အသင်းတွေဆီကနေ ကမ်းလှမ်းမှု လက်ခံရရှိခဲ့သလို ယူနိုက်တက်ကနေ ထွက်ခွာပြီးကတည်းက အနားယူဖို့ထိတောင် စဉ်းစားခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၃ နှစ်သားဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ယူနိုက်တက်ကနေ ထွက်ခွာခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ဒီဂီယာဟာ ပရီးမီးယားလိဂ်ရွှေလက်အိတ်ဆုကို ရရှိခဲ့တာဖြစ်ပြီး အခုချိန်အထိ အသင်းရှာမရသေးတာဖြစ်ပါတယ်။

တန်ဟက်ကတော့ အိုနာနာကို ခေါ်ယူခဲ့ပြီးနောက် ဒီဂီယာကို ရောင်းထုတ်ခဲ့တာဖြစ်ပြီး ကင်မရွန်းသားဟာ မန်ချက်စတာမြေမှာ အမှားများနေတာဖြစ်ပါတယ်။ ဒီဂီယာဟာ ဆာအဲလက်စ်ဖာဂူဆန်လက်အောက်မှာ နောက်ဆုံး ပရီးမီးယားလိဂ်ဆုရခဲ့တဲ့ ကစားသမားအဖြစ် ကျန်နေတာဖြစ်ပြီး အောက်တိုဘာလတုန်းက မန်ချက်စတာကို ပြန်လာခဲ့တာဖြစ်ပါတယ်။

အဆိုပါအခြေအနေကြောင့် တန်ဟက်ကို ယူနိုက်တက်ပရိသတ်တွေက ဒီဂီယာအား ပြန်လည်ခေါ်ယူပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ယူနိုက်တက်ဂန္ထဝင်ဟောင်း အန်ဒီကိုးလ်ကတော့ စပိန်သားအနေနဲ့ နယူးကာဆယ်ကို ပြောင်းသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။

ဒါပေမယ့် အက်သလက်တစ်သတင်းဌာနရဲ့အဆိုအရ ဒီဂီယာဟာ မဖော်ပြတဲ့ ပရီးမီးယားလိဂ်ကလပ်တွေဆီကနေ ကမ်းလှမ်းမှုတွေ လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။ သတင်းတော်တော်များများကလည်း ဒီဂီယာကို ဥရောပထိပ်တန်းအသင်းတော်တော်များများက ဆက်သွယ်မှုတွေ ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် သဘောတူညီမှု မရသေးတာဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း မပြောင်းချင်လို့ငြင်းခဲ့တာတွေ ရှိတယ်လို့ သိရပါတယ်။ အခြားသတင်းတွေမှာတော့ ဒီဂီယာဟာ ကစားသမားဘဝအနားယူဖို့ထိတောင် ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဇန်နဝါရီ အပြောင်းအရွှေ့က မကြာခင်မှာဖြစ်လာတော့မှာ ဖြစ်တာကြောင့် ဒီဂီယာအနေနဲ့ ကြီးမားတဲ့ဆုံးဖြတ်ချက် ချမှတ်ရဖွယ်ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒီဂီယာ #ပရီးမီးယားလိဂ်