ရှေ့သို့
Image

ဖရန့်ဖတ်အသင်းထံ အငှားနဲ့ ပြောင်းရွှေ့တော့မယ့် ယူနိုက်တက်စတား ဗန်ဒီဘိခ်

8:36 AM, 2 January

ယူနိုက်တက်မှာ ရုန်းကန်နေရတဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်တစ်ယောက် ဖရန့်ဖတ်အသင်းထံ အငှားနဲ့ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။

ဗန်ဒီဘိခ်ဟာ ၂၀၂၃ - ၂၄ ရာသီမကုန်ခင်အထိ ဂျာမန်ကလပ်ထံ အငှားနဲ့ ပြောင်းရွှေ့မှာဖြစ်ပြီး နွေရာသီမှာ ပေါင် ၁၂ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်လည်း ပါရှိတယ်လို့ သိရပါတယ်။ တနလာၤနေ့ မနက်ခင်းတုန်းက ဖရန့်ဖတ်အသင်းထံ ဗန်ဒီဘိခ် ရောက်လာပြီးနောက် ဖရန့်ဖတ်အားကစားဒါရိုက်တာ ခရော့စ်ချီက ဝမ်းသာမိတယ်လို့ အခုလို ပြောကြားခဲ့ပါတယ်။

“ဗန်ဒီဘိခ်က ကျွန်တော်တို့အသင်းရဲ့လိုအပ်နေတဲ့ ပဟေဌိအပိုင်းအစတစ်ခု ဖြစ်လာတော့မှာပါ။ သူ့မှာနိုင်ငံတကာအတွေ့အကြုံတွေ ရှိသလို လူငယ်ကစားသမားတွေ အတွက်လည်း အတွေ့အကြုံကောင်းတွေ ပေးစွမ်းနိုင်မှာပါ။ ဒွန်နီက ဂိုးပေါက်ကိုခြိမ်းခြောက်နိုင်သလို အပေါ်မှာပြောခဲ့သလိုပဲ သူက ကျွန်တော်တို့တိုက်စစ်ကစားသမားတွေ အတွက် ပိုကောင်းလာစေမှာပါ”လို့ သူက ပြောကြားခဲ့ပါတယ်။

ဗန်ဒီဘိခ်ဟာ ၂၀၂၀ စက်တင်ဘာတုန်းက အေဂျက်အသင်းထံကနေ ယူနိုက်တက်ထံ ပေါင်သန်း ၄၀ နဲ့ ပြောင်းလာခဲ့တာဖြစ်ပါတယ်။ နယ်သာလန်သားဟာ အိုးထရက်ဖို့ဒ်မြေကို ရောက်ပြီးကတည်းက ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ ၆၂ ပွဲမှာ ၂ ဂိုးသာ သွင်းယူနိုင်ခဲ့သလို ၂၀၂၃ - ၂၄ ရာသီမှာလည်း တန်ဟက်ရဲ့အသင်းမှာ ပွဲထွက်ခွင့်မရသေးတာဖြစ်ပါတယ်။

ဗန်ဒီဘိခ်ကတော့ ဂျာမန်မြေမှာ စိတ်သစ်လူသစ်နဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ဖို့ မျှော်လင့်နေပါတယ်။ အသက် ၂၆ နှစ်သားရဲ့ဖရန့်ဖတ်အသင်းဟာ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားရဲ့အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံး ၄ သင်းနေရာနဲ့ ၉ မှတ်အထိ ကွာဟနေပါတယ်။

ယူနိုက်တက်ကတော့ ဆာဂျင်မိရောက်လာမှုနဲ့အတူ မာရှယ်၊ ဆန်ချို၊ ကက်စ်မဲရိုးစတဲ့ ကစားသမားတွေကိုပါ ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖရန့်ဖတ် #အပြောင်းအရွှေ့ #ဗန်ဒီဘိခ်