ရှေ့သို့
Image

ပေါင်ဒဏ်ရာကို စစ်ဆေးမှုပြုလုပ်ရမယ့် အာဆင်နယ်စတား ဇင်ချန်ကို

1:33 PM, 1 January

အာဆင်နယ်ဘယ်နောက်ခံလူ ဇင်ချန်ကိုတစ်ယောက် ဖူလ်ဟမ်ကို ၂-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲကို လွဲချော်ခဲ့ပြီးနောက် ပေါင်ဒဏ်ရာကို စစ်ဆေးမှုတွေပြုလုပ်ရမယ်လို့ သိရပါတယ်။ ဇင်ချန်ကိုဟာ ဖူလ်ဟမ်နဲ့ပွဲကို လွဲချော်ခဲ့တာဖြစ်ပြီး ဘယ်လောက်အထိနားရမလဲဆိုတာကို မသိရသေးတာဖြစ်ပါတယ်။

ခီဗီယောက ဇင်ချန်ကိုနေရာကို အစားဝင်ခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် ဒုတိယပိုင်းမှာ တိုမီယာဆုနဲ့ လူစားလဲခဲ့ရပါတယ်။ တိုမီယာဆုဟာ လာမယ့်လထဲမှာ အာရှဖလားရှိတာကြောင့် အာဆင်နယ်အနေနဲ့ ဇင်ချန်ကိုတစ်ယောက် အလျင်အမြန်ပြန်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။

“ကျွန်တော်တို့ မသိသေးပါဘူး။ သူ့ပေါင်မှာတစ်စုံတစ်ခုခံစားနေရပါတယ်။ မနက်ဖြန်မှာ သူ့ကိုစစ်ဆေးမှုတွေပြုလုပ်မှာဖြစ်ပြီး ဘယ်လောက်အထိနားရမယ်ဆိုတာ ကြည့်ရမှာပါ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ခံစစ်မှာ ဒဏ်ရာပြဿနာတွေများနေပြီး တင်ဘားကလည်း ပြင်းထန်တဲ့ဒူးဒဏ်ရာကြောင့် အခုချိန်အထိ ပြန်မလာနိုင်သေးတာဖြစ်ပါတယ်။ ပါတေးကလည်း အောက်တိုဘာလကတည်း ဒဏ်ရာကြောင့်နားနေရတာဖြစ်ပြီး အာဆင်နယ်ဟာ ၃ ပွဲဆက်နိုင်ပွဲပျောက်မှုနဲ့အတူ အဆင့် ၄ နေရာအထိ ဆင်းခဲ့ရပါတယ်။

“ကျွန်တော်တို့ တိုးတက်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ပွဲတွေအနိုင်ကန်ဖို့ လိုအပ်ပါတယ်။ အဲ့လိုလုပ်နိုင်ဖို့ ပွဲတွေအနိုင်ကန်ဖို့ လိုအပ်ပါတယ်။ ဒီကစားသမားတွေနဲ့ ကျွန်တော်တို့ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ အခွင့်အရေးရှိတယ်လို့လည်း ကျွန်တော်ခံစားရပါတယ်”လို့ အာတီတာက ထပ်လောင်းပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #ဇင်ချန်ကို #ဖူလ်ဟမ် #ပရီးမီးယားလိဂ်