ရှေ့သို့
Image

လူတန်တောင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ဒေါသထွက်ရတဲ့အကြောင်းအရင်းကို ရှင်းပြလိုက်တဲ့ သီယာဂိုဆေးလ်ဗား

9:08 AM, 1 January

ချဲလ်ဆီးအသင်း နောက်ခံလူ သီယာဂိုဆေးလ်ဗားက လူတန်တောင်းကိုအနိုင်ရခဲ့တဲ့ပွဲမှာ ဒေါသထွက်ရတဲ့ အကြောင်းအရင်းကို ရှင်းပြလိုက်ပါတယ်။ ချဲလ်ဆီးအသင်းဟာ စနေနေ့တုန်းက လူတန်တောင်းကို အဝေးကွင်းမှာ ၃ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပေမယ့် သရေကျနိုင်တဲ့ အခြေအနေအထိ နီးစပ်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ လူတန်တောင်းအသင်းက ပြန်လာနိုင်ခဲ့ပြီး နောက်ဆုံး ၁၀ မိနစ်မှာ ချေပဂိုး ထပ်မံရနိုင်တဲ့အထိ နီးစပ်ခဲ့ပါတယ်။ အဲ့နောက် ချဲလ်ဆီးအသင်း အနေနဲ့ အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပြီး ပွဲသိမ်းခရာမှုတ်ချိန်မှာ သီယာဂိုဆေးလ်ဗားက ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ သီယာဂိုက သူ့ရဲ့အင်စတာဂရမ်ကနေ အဆိုပါအခြေအနေကို ရှင်းပြခဲ့ပါတယ်။ “ပရော်ဖက်ရှင်နယ် ကစားသမားတိုင်းက သူတို့ကိုယ်သူတို့ ပိုသန်မာလာအောင် ပိုကောင်းလာအောင် အမြဲတမ်းတွန်းအားပေးလေ့ရှိပါတယ်။ အခုလိုပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပရီးမီးယားလိဂ်မှာ ၃ မှတ်က အရမ်းအရေးကြီးပါတယ်။ ဒီလိုမျိုးခရစ္စမတ်နဲ့ နှစ်သစ်ကို အရှုံးနဲ့မဖြတ်သန်းချင်ပါဘူး။ တောင်းပန်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။

လာမယ့်စက်တင်ဘာမှာ အသက် ၄၀ ပြည့်မယ့် သီယာဂိုဟာ ချဲလ်ဆီးအသင်းရဲ့အဓိကနောက်ခံလူအဖြစ် ရှိနေဆဲဖြစ်ပါတယ်။ ဘရာဇီးသားဟာ ဒီရာသီချဲလ်ဆီး အတွက် ပရီးမီးယားလိဂ် ၂ ပွဲကိုသာ လွဲချော်ထားပြီး ဒီဇင်ဘာ ၂၇တုန်းက ပဲ့လေစ်ကို  ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အရန်ခုံထိုင်ခဲ့ရတာဖြစ်ပါတယ်။

ဆေးလ်ဗားနဲ့ ချဲလ်ဆီးတို့ကြား စာချုပ်သက်တမ်းက ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး ငယ်ဘဝကလပ် ဖလူမီးနီးစ်က ချိတ်ဆက်နေပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ သတင်းတွေအရ သီယာဂိုဟာ ချဲလ်ဆီးအသင်းမှာ နောက်တစ်နှစ်လောက် ဆက်နေဦးမယ်လို့ ဖော်ပြနေကြပါတယ်။

သီယာဂိုဟာ ပိုချက်တီနိုအတွက်တင်အဓိကျတဲ့သူမဟုတ်ပဲ သူ့ရဲ့မိသားစုကလည်း အင်္ဂလန်မြေမှာ အထိုင်ကျနေတာဖြစ်ပါတယ်။

#ချဲလ်ဆီး #သီယာဂို ဆေးလ်ဗား #ပိုချက်တီနို #ပရီးမီးယားလိဂ် #လူတန်တောင်း