ရှေ့သို့
Image

မက်ဆီကို မာရာဒိုနာလမ်းစဉ်နောက်လိုက်ဖို့ ပြင်ဆင်နေတဲ့ အာဂျင်တီးနားအသင်း

8:52 AM, 1 January

အာဂျင်တီးနားအသင်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်ကလုပ်ခဲ့တဲ့ မာရာဒိုနာ လမ်းစဉ်နည်းတူ မက်ဆီရဲ့ကျောနံပတ်ကို အနားပေးဖို့ ပြင်ဆင်နေပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက ကမ္ဘာ့ဖလားရရှိခဲ့ပေမယ့်လည်း မက်ဆီဟာ အာဂျင်တီးနား အသင်းအတွက် ဆက်လက်ကစားပေးချင်နေဆဲဖြစ်ပါတယ်။ အာဂျင်တီးနားနဲ့ အင်တာမိုင်ယာမီ အသင်းခေါင်းဆောင်ဟာ အသင်းနဲ့အတူ ဒုတိယအကြိမ်မြောက် ကိုပါအမေရိကဖလား ကိုင်မြှောက်ချင်နေပြီး အဆိုပါအခြေအနေကြောင့် မေဂျာလိဂ်ပွဲစဉ် ၇ ပွဲလောက်ကို လွဲချော်ဖွယ်ရှိနေပါတယ်။

မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် ပွဲပေါင်း ၁၈၀ မှာ ၁၀၆ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အာဂျင်တီနားအသင်းဘက်ကတော့ မာရာဒိုနာနည်းတူ မက်ဆီရဲ့အောင်မြင်မှုကို အသိအမှတ်ပြုဖို့ ပြင်ဆင်နေပါတယ်။

ယခင်တုန်းက မာရာဒိုနာတစ်ယောက် နိုင်ငံအသင်းကနေ အနားယူသွားချိန်မှာ ဂန္ထဝင်ကျောနံပတ် ၁၀ ကို အနားပေးပြီး ဂုဏ်ပြုခဲ့ပါတယ်။ ကျောနံပတ် ၁၀ ကို နောက်ဆုံး ဝတ်ဆင်ခဲ့တဲ့ကစားသမားက အိုတီဂါဖြစ်ပြီး အခုတော့ အနားပေးဖို့ ပြင်ဆင်နေပါတယ်။

အာဂျင်တီနားအသင်းဟာ မက်ဆီတစ်ယောက် နိုင်ငံအသင်းကနေ အနားယူသွားခဲ့ရင် မက်ဆီ ဝတ်ဆင်ခဲ့တဲ့ကျောနံပတ်ကို အနားပေးဖို့ ပြင်ဆင်နေပါတယ်။

“မက်ဆီတစ်ယောက် နိုင်ငံအသင်းကအနားယူချိန်မှာ ဘယ်သူမှသူ့ရဲ့ကျောနံပတ် ၁၀ ကို ဝတ်ဆင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။ ဒီကျောနံပတ်ကို တစ်သက်လုံးသူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အနားပေးမှာပါ”လို့ အာဂျင်တီးနား အက်ဖ်အေဥက္ကဌ တာပီယာက မာကာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

မာရာဒိုနာတုန်းက နာပိုလီအသင်းက သူဝတ်ဆင်ခဲ့တဲ့ကျောနံပတ် ၁၀ ကို အနားပေးခဲ့ပေမယ့် ဘာစီလိုနာကတော့ လာလီဂါ စည်းမျဉ်းတွေကြောင့် အနားပေးဖို့ မလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

#မာရာဒိုနာ #အာဂျင်တီးနား #မက်ဆီ