ရှေ့သို့
Image

အန်ကီတီးယားအတွက် ခရစ္စတယ်ပဲလေ့စ်ရဲ့ချဉ်းကပ်မှုကို အာဆင်နယ် ပယ်ချ

11:37 AM, 31 December

သတင်းတွေအရ အာဆင်နယ်ဟာ အန်ကီတီးယားအတွက် ခရစ္စတယ်ပဲလေ့စ်ရဲ့ချဉ်းကပ်မှုကို ပယ်ချလိုက်ပါတယ်။

ဇန်နဝါရီအပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ်ကလပ်တွေဟာ လူအင်အားဖြည့်တင်းဖို့ ပြင်ဆင်နေကြတာဖြစ်ပါတယ်။

အသင်းတော်တော်များများက တိုက်စစ်မှူးသစ်ရှာဖွေနေတာဖြစ်ပြီး ဇန်နဝါရီအပြောင်းအရွှေ့က ခေါ်ယူဖို့တော့ ခက်ခဲနိုင်တာဖြစ်ပါတယ်။


ဟော့ဆန်ကတော့ အသင်းရဲ့တိုက်စစ်ပိုင်းကို အားဖြည့်ချင်နေတာဖြစ်ပြီး အာဆင်နယ်စတားကို မျက်စိကျနေပါတယ်။

သတင်းတွေအရ အာဆင်နယ်ဟာ အင်္ဂလန်သားအတွက် အန်ကီတီးယားရဲ့ချဉ်းကပ်မှုကို လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။


အာဆင်နယ်ကလည်း တိုက်စစ်ပိုင်းအားဖြည့်ဖို့ လိုအပ်နေတာဖြစ်ပြီး တိုက်စစ်မှူးသစ်ခေါ်ယူဖို့ရမှသာ အန်ကီတီးယားကို ဇန်နဝါရီမှာရောင်းချဖွယ်ရှိနေပါတယ်။

အသက် ၂၄ နှစ်သားဟာ လက်ရှိအာဆင်နယ်အသင်းမှာ ဂျီးဆပ်စ်ရဲ့နောက် ဒုတိယဦးစားပေးအဖြစ် စွမ်းဆောင်ရည်ကောင်းတွေပြသနေတာဖြစ်ပါတယ်။

#အာဆင်နယ် #ခရစ္စတယ်ပဲလေ့စ် #ပရီးမီးယားလိဂ်