ရှေ့သို့
Image

ရော်နယ်ဒိုဟာ ၂၀၂၆ ကမ္ဘာ့ဖလားအထိ ပါဝင်နိုင်တယ်လို့ အခိုင်အမာဆိုလာတဲ့ ပေါ်တူဂီနည်းပြ မာတီနက်ဇ်

3:40 PM, 28 December

ပေါ်တူဂီနည်းပြ ရော်ဘတ်တိုမာတီနက်ဇ်က ခရစ္စတီယာနိုရော်နယ်ဒိုဟာ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်နိုင်ဖို့ စိတ်အားထက်သန်နေဆဲဖြစ်တယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။

အသက်-၃၈ နှစ်အရွယ်ကစားသမားဟာ နိုင်ငံ့လက်ရွေးစင်အဆင့်မှာ ပွဲပေါင်း ၂၀၀ အထိကစားထားနိုင်တဲ့ ပထမဆုံးသော အမျိုးသားဘောလုံးသမားအဖြစ် မှတ်တမ်းဝင်ထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့အင်္ဂါနေ့က အယ်လ်အစ်တီဟတ်နဲ့ ကစားခဲ့ပွဲစဉ်မှာ အယ်လ်နာဆာအတွက် သွင်းယူခဲ့တဲ့ဂိုးဟာ ၂၀၂၃ ခုနှစ်အတွင်း သူ့ရဲ့ ၅၃ ဂိုးမြောက်ဖြစ်လာခဲ့ပြီး တစ်နှစ်တာဂိုးသွင်းအများဆုံး ကစားသမားစာရင်းရဲ့ ထိပ်ဆုံးမှာရပ်တည်ထားနိုင်တာဖြစ်ပါတယ်။

ယခုအခါမှာတော့ မာတီနက်ဇ်က သူ့ရဲ့တိုက်စစ်မှူးဟာ ၂၀၂၆ ကမ္ဘာ့ဖလားမှာပါဝင်နိုင်ဖို့ ဆန္ဒရှိနေတယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ သူက “ရော်နယ်ဒို နိုင်ငံအသင်းအတွက် ပွဲ ၂၀၀ မပြည့်ခင်မှာကျွန်တော်က သူ့ကို မင်း ပွဲ ၂၀၀ အထိကစားဖို့ ရည်ရွယ်ထားခဲ့တာလားလို့မေးတော့ သူက ပွဲ ၂၅၀ အထိကစားချင်တာလို့ ပြန်ပြောခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဘော်လွန်းဒီအော် ၅ ဆုရှင် ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ၂၀၅ ပွဲကစားပြီး ၁၂၈ ဂိုးအထိသွင်းယူပေးထားပါတ #ပေါ်တူဂီ #ရော်နယ်ဒို #မာတီနက်ဇ်