ရှေ့သို့
Image

သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေရဖို့ ရုန်းကန်နေရတဲ့ တပည့်ဖြစ်သူဘက်ကနေ ကာကွယ်ပြောကြားလိုက်တဲ့ အာတီတာ

2:23 PM, 28 December

အာဆင်နယ်အသင်းနည်းပြ အာတီတာက မာတီနယ်လီတစ်ယောက် ဂိုးတွေ နဲ့  ဂိုးဖန်တီးမှုတွေရဖို့ ရုန်းကန်နေရပေမယ့် ကြီးမားတဲ့ခြိမ်းခြောက်မှုတွေ လုပ်နိုင်ဆဲဖြစ်တယ်လို့ ကာကွယ်ပြောကြားလိုက်ပါတယ်။ ဘရာဇီးသားဟာ ပြီးခဲ့တဲ့ရာသီတုန်းက အသင်းအတွက် ၃၆ ပွဲမှာ ၁၅ ဂိုးသွင်း ၊ ၅ ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

မာတီနယ်လီဟာ ဒီရာသီမှာတော့ ခြေစွမ်းကောင်းတွေပြသနိုင်ဖို့ ရုန်းကန်နေရပြီး ၁၆ ပွဲကစားပြီးချိန်မှာ ၂ ဂိုးသွင်း ၊ ၂ ဂိုးသာ ဖန်တီးထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အာတီတာက ဝက်စ်ဟမ်းနဲ့ ပွဲမတိုင်ခင် မာတီနယ်လီရဲ့ အခြေအနေကို မစိုးရိမ်မိဘူးလို့ ပြောကြားခဲ့ပါတယ်။

“အဲ့တာက ရှင်းပြဖို့ခက်ခဲပါတယ်။ တစ်ချို့အချိန်တွေမှာ အဲ့တာက ဆုံးဖြတ်ချက်ချရပါတယ်။ တစ်ချို့အချိန်တွေမှာ တိုင်ထိထွက်တာ ဒါမှမဟုတ် အခွင့်အရေး လွဲချော်တာဖြစ်နိုင်ပါတယ်။ သူက အရမ်းကိုကြိုးစားပါတယ်။ ကျွန်တော်တို့ အတွက် အရမ်းကိုမှခြိမ်းခြောက်မှုပေးနိုင်တဲ့ကစားသမားမျိုးပါ။ ဘောလုံးပါချိန်ကော ဘောလုံးမပါချိန်မှာပါ သူကအားလုံးလုပ်ဆောင်နိုင်ပါတယ်။  ပြိုင်ဘက်ခံစစ်တန်းကိုလည်း ဖိအားပေးနိုင်သလို သူက ကျွန်တော်တို့အတွက် အရမ်းကိုမှအရေးပါတဲ့ကစားသမားတစ်ဦးပါ။ သူ့ဆီကနေ အရာအားလုံးဖြစ်နိုင်ပါတယ်။ မာတီနယ်လီမှာ ယုံကြည်မှုပြဿနာမရှိပါဘူး။ တစ်ချို့အချိန်တွေမှာ သူ့အနေနဲ့ ဆုံးဖြတ်ချက်ချရတာတွေ ရှိပါတယ်။ အဲ့တာက လုပ်ရတာအခက်ခဲဆုံးအရာပါ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အာတီတာက ဝက်စ်ဟမ်းနဲ့ ပွဲမတိုင်ခင် တိုမီယာဆုနဲ့ ပါတေးတို့ ဒဏ်ရာအခြေအနေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“အခွင့်အရေးတော့ရှိပါတယ်။ ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။ သူတို့လေ့ကျင့်ခန်းမဆင်းနိုင်သေးပါဘူး။ မကြာခင်မှာ ပြန်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲမတိုင်ခင် ဘာမှမပြောင်းလဲပါဘူး။ သူတို့ ၂ ဦးအပြင် ကိုင်လည်းပွဲပယ်ခံထားရပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ အနိုင် ၃ မှတ်ယူနိုင်ခဲ့ရင် အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်မှာဖြစ်ပါတယ်။

#အာတီတာ #အာဆင်နယ် #မာတီနယ်လီ #ပရီးမီးယားလိဂ်