ရှေ့သို့
Image

ဇန်နဝါရီဈေးကွက်မှာ မာရှယ်ကို ရောင်းချဖို့ မရည်ရွယ်ထားပါဘူးလို့ ပြောကြားလိုက်တဲ့ တန်ဟက်

10:49 AM, 28 December

ရာသီအစ တိုက်စစ်မှူးရဲ့ ခြေစွမ်းက ကောင်းမွန်ခြင်းမရှိသော်လည်း ဇန်နဝါရီဈေးကွက်မှာ မာရှယ်ကို ရောင်းချဖို့ မရည်ရွယ်ထားပါဘူးလို့ နည်းပြ တန်ဟက်က ပြောကြားလိုက်ပါတယ်။

ပရီးမီးယားလိဂ် ၁၃ ပွဲမှာ ၁ ဂိုးသာ သွင်းယူထားနိုင်တဲ့ မာရှယ်ဟာ ဂိုးသွင်းယူဖို့ ရုန်းကန်နေရသော်လည်း ပြင်သစ်နိုင်ငံသားကို ကလပ်အနေနဲ့ ရာသီကုန်အထိ ထိန်းထားလိုကြောင်း နည်းပြက ပြောကြားလိုက်ပါတယ်။ မိုနာကို တိုက်စစ်မှူးဟောင်းဟာ ယူနိုက်တက်ရဲ့ နောက်ဆုံးပွဲစဉ် ၃ ပွဲကို အဖျားရောဂါကြောင့် လွဲချော်ခဲ့တာဖြစ်ပြီး အိုးထရက်ဖို့ဒ်ရှိ သူ့ရဲ့အနာဂတ်နှင့်ပတ်သက်ပြီးလည်း ကောလာဟလတွေထွက်နေတာဖြစ်ပါတယ်။

အင်္ဂါနေ့ အက်စ်တွန်ဗီလာနှင့် ပွဲမတိုင်မီ အလာအလာရှိတဲ့ ရောင်းချမှုနဲ့ပတ်သက်ပြီး မေးမြန်းရာတွင် တန်ဟက်က "သတင်းတွေရရှိခဲ့ရင်တော့ ကျွန်တော်ပြောသွားမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ရောင်းချဖို့ မရည်ရွယ်ထားပါဘူး" လို့ သတင်းထောက်တွေအား ဖြေကြားသွားခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ် မာရှယ်ဟာ နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ရှိခဲ့သော်လည်း ဝက်စ်ဟမ်းနှင့် ဖီနာဘာချီတို့ရဲ့ စိတ်ဝင်စားမှုတွေကို ငြင်းပယ်ကာ စာချုပ်ရဲ့နောက်ဆုံးနှစ်မှာ အိုထရက်ဖို့ဒ်မှာ ဆက်လက်ရှိနေဖို့အတွက် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ နောက်ရာသီမှာလည်း ယူနိုက်တက်မှာရှိမှာ ဆက်လက်ရှိနေနိုင်ပြီး ကလပ်ဘက်က စာချုပ်သက်တမ်း ၁ နှစ် တိုးရန် ရွေးချယ်ခွင့်ရှိနေတာကြောင့် မာရှယ်၊ ဝမ်ဘစ်ဆာကာ၊ လင်ဒီလော့ဖ်၊ မက်ဂျ်ဘရီတို့နှင့်စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးနေပါတယ်လို့ တန်ဟက်က ပြောထားပါတယ်။

ပရီးမီးယားလိဂ် ၁၃ ပွဲမှာ မာရှယ်ဟာ မိနစ်ပေါင် ၄၅၀ ကစားထားပြီး ဘောလုံးပေးပို့မှု ၁၃၇ ကြိမ်သာ ပြုလုပ်ထားနိုင်ပါတယ်။ သူ့ရဲ့နောက်ထပ်ဂိုးကတော့ ကာရာဘောင်ဖလား ပွဲအဖြစ် ခရစ္စတယ်ပဲလေ့စ်အား ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဘောလုံးနှင့် သက်ဆိုင်တဲ့ အဓိကဆုံးဖြတ်ချက်တွေကို INEOS နှင့် တိုင်ပင်လုပ်ဆောင်ရမှာဖြစ်ပြီး အထူးသဖြင့် အပြောင်းအရွှေ့ကိစ္စရပ်များမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာ ဆာဂျင်ရိုက်ကလစ်ရဲ့ ၂၅ % ရှယ်ယာဝယ်ယူမှုကို စိစစ်နေတုန်းဖြစ်ပါတယ်။ ဒါကြောင့် မာရှယ်ရဲ့ အနာဂတ်ဟာ ဆာဂျင်ရိုက်ကလစ်ရဲ့ လက်ထဲမှာရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #မာရှယ် #အဲရစ်တန်ဟက် #ပရီးမီးယားလိဂ်