ရှေ့သို့
Image

အိုးထရက်ဖို့ဒ်ကွင်းကို ဖြိုချကာ ကွင်းသစ်ကြီး ပြန်လည်တည်ဆောက်ဖို့ ဗိသုကာ ပညာရှင်တွေရဲ့ တိုက်တွန်းခြင်းကိုခံထားရတဲ့ ဆာဂျင်ရက်ကလစ်ဖ်

12:41 PM, 27 December

နောက်ထပ် ရင်းနှီးမြှပ်နှံမှုနှင့်အတူ အိုးထရက်ဖို့ဒ်ကို ဖြိုဖျက်ကာ အဆိုပါနေရာတွင် ပေါင် ၂ ဘီလီယံ (ဒေါ်လာ ၂.၅ ဘီလီယံ) တန်ကြေးရှိ ကွင်းသစ်ကြီးတည်ဆောက်ဖို့ ယူနိုက်တက်က တိုက်တွန်းခြင်းခံထားရပါတယ်။

ရှယ်ယာ ၂၅ % ကို ဆာဂျင်ရက်ကလစ်ဖ်က ဝယ်ယူခဲ့ပါတယ်လို့ ယူနိုက်တက်က ကြေညာခဲ့ပြီး အဆိုပါ သဘောတူညီချက်ကို ပရီးမီးယားလိဂ်က ဆိုင်းငံ့ထားတာဖြစ်ပါတယ်။ ပရောဂျက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကွင်းအတွင်းနှင့်ပြင်ပနေရာများတွင်း လိုအပ်တဲ့ပြင်ဆင်မှုများလုပ်ဆောင်ရန် ရန်ပုံငွေများ ထည့်ဝင်သွားမှာဖြစ်ပါတယ်လို့ ဗြိတိန်ရဲ့အချမ်းသားဆုံး သူဌေးက ကတိပြုသွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၈ လက ကောက်ယူခဲ့တဲ့ ပရိသတ်များရဲ့စစ်တမ်းတွင် နှစ်ကြာနေပြီဖြစ်တဲ့ အိုးထရက်ဖို့ဒ်ကို အဆင့်မြှင့်တင်ဖို့အတွက် ပရိသတ်တွေက တောင်းဆိုထားကြသော်လည်း ဂလေဇာမိသားစုကတော့ အသင်းကိုပိုင်ဆိုင်ခဲ့တဲ့ သက်တမ်းတစ်လျှောက်တွင် အနည်းငယ်လောက်သာ ပြုပြင်ပေးခဲ့တာဖြစ်ပါတယ်။ ကလပ်အတွက် ရွေးချယ်စရာ ၃ ခုရှိနေပြီး အသေးစာပြုပြင်မွမ်းမံမှု၊ လက်ရှိကွင်းကို ပြီးပြည့်စုံအောင် ပြုပြင်မှုနှင့် ကွင်းသစ်ကြီးတည်ဆောက်မှုတို့ပဲဖြစ်ပါတယ်။

ခရစ္စလီဦးဆောင်ကာ ယူနိုက်တက်ရဲ့ပြင်ဆင်မှုကို ကြီးကြပ်နေတဲ့ Populous က ဗိသုကာပညာရှင်တွေကတော့ ပေါင် ၂ ဘီလီယံနီးပါ ကုန်ကျနိုင်ပေမယ့် ကွင်းသစ်ကြီးတည်ဆောက်ဖို့အတွက် ယူနိုက်တက်ကို တိုက်တွန်းထားကြောင်း Telegraph သို့ ပြောကြားထားပါတယ်။

"ကနဦးကုန်ကျစရိတ်က ရွေးချယ်စရာ ၃ ခုထဲမှာ များပြားပေမယ့် အဲ့ဒီမှာတိုးတက်လာဖို့တွေက အများကြီးရှိပါတယ်။ ဆောက်လုပ်ရေး လုပ်ဆောင်နေချိန်မှာ ယူနိုက်တက်က ရှိပြီးသားနေရာကို ဆက်လက် အသုံးပြုနိုင်မှာဖြစ်လို့ Matchday အမြတ်ငွေများ ကျဆင်းသွားဖို့ရှိပါဘူး" "ဗိသုကာပညာအရ ရရှိနိုင်နေတဲ့နေရာတွေမှာ အမှန်တကယ်ဆန်းသစ်ပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့အရာကို လုပ်ဆောင်နိုင်ပါတယ်။ ဆောက်လုပ်ရေးအတွက် နေရာအကျပ်အတည်းမရှိပါဘူး" "ဖြစ်နိုင်ခြေရှိတဲ့ ရွေးချယ်စရာတွေ၊ အိုးထရက်ဖို့ဒ်ရဲ့ မတူညီတဲ့ ပုံစံများစွာကို ပြုပြင်မွမ်းမံမှုများနှင့် ပုံစံသစ်တည်ဆောက်မှုတို့ကို ကြည့်ရှုရန်အတွက် သက်ဆိုင်သူများအားလုံးနှင့် လုပ်ဆောင်ခဲ့ပြီးပါပြီ။ အားလုံးကလည်း အံ့သြဖွယ်ကောင်းတဲ့ ပရိသတ်တွေရရှိမယ့် အတွေ့အကြုံကို ဖန်တီးနိုင်ဖို့ အာရုံစိုက်ထားပါတယ်။ ယူနိုက်တက်ကလည်း ဒါကို အရမ်းအာရုံစိုက်နေပါတယ်" လို့ ခရစ္စလီက ပြောပါတယ်။

ပေါင် သန်း ၈၀၀ (ဒေါ်လာ ၁ ဘီလီယံ) တန်ကြေးဖြင့် ပြန်လည်တည်ဆောက်ရေး အစီအစဉ်များနှင့်အတူ နောက်ဆုံးပေါ်ဒီဇိုင်းဖြင့် ပြန်လည်ဆန်းသစ်ရန် လိုအပ်ကြောင်း လီက ပြောကြားခဲ့ပါတယ်။

"တစ်ခုခုလုပ်ရမယ်ဆိုတဲ့ အသိအမှတ်ပြုမှုက ကလပ်အတွင်းမှာ ရှိတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကွင်းကြီးက သဘာဝအလျောက် သက်တမ်း ကုန်ဆုံးနေချိန်ဖြစ်တာကြောင့် ကေဘယ်ကြိုးတွေ၊ လျှပ်စစ်ဓာတ်အား ပေးဖို့အတွက် လုပ်ဆောင်မှုတွေ၊ အခြားအရာအားလုံးရဲ့ ကုန်ဆုံးရက်က နီးကပ်လာပြီဖြစ်ပါတယ်" "အတွင်းခန်းတွေကလည်း အရမ်းကျဉ်းမြောင်းပြီး ခက်ခဲတဲ့ နေရာတွေဖြစ်နေပါတယ်။ မွမ်းမံပြင်ဆင်ခြင်းဟာ ကလပ်ရဲ့အနေအထားကို ထိန်းသိမ်းထားဖို့သာမက နေရာကို ဆက်လက် လည်ပတ်နေစေဖို့သာ အရေးကြီးတယ်လို့ ကျွန်တော်ပြောချင်ပါတယ်" လို့ လီက ပြောပါတယ်။

ယူနိုက်တက်သည် ၁၉၁၀ ခုနှစ်ကတည်းက အိုးထရက်ဖို့ဒ်တွင် အခြေစိုက်ခဲ့ပြီး ပရိသတ်ပေါင်း ၇၄၃၁၀ ဝင်ဆံကာ ပရီးမီးယားလိဂ်ရှိ အကြီးဆုံးဖြစ်တဲ့ အထင်ကရနေရာဖြစ်ကာ ဂျော့ချ်ဘက်စ်၊ ဘော်ဘီချာတန်၊ မက်ဘက်စ်ဘီ၊ ဆာဆဲလက်စ်ဖာဂူဆန်၊ ဒေးဗစ်ဘက်ခမ်း၊ ခရစ္စတီယာနို ရော်နယ်ဒိုတို့ ကဲ့သို့သော ဂန္တဝင်ကစားသမားများနှင့် နည်းပြတွေ အခြေချခဲ့ရာ ကလပ်လည်းဖြစ်ပါတယ်။

ကွင်းပြင်ပြပြောင်းလဲခြင်းတွေနဲ့အတူ ၂၀၂၃-၂၄ ရာသီတွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ရလဒ်ဆိုးရွားနေမှုကနေ ပြောင်းလဲနိုင်မယ်လို့ ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပရီးမီးယားလိဂ် #ဆာဂျင်မ်ရက်ကလစ်ဖ်