ရှေ့သို့
Image

သရဲနီတွေကို ကျော်ဖြတ်ကာ နိုင်ပွဲ ရယူနိုင်စွမ်းရှိတယ်လို့ ဆိုလာတဲ့ အက်စတွန်ဗီလာ တိုက်စစ်မှူး ဇာနီအိုလို

2:38 PM, 26 December

အက်စတွန်ဗီလာတိုက်စစ်မှူး ဇာနီအိုလိုက သူတို့အသင်းဟာ အိုးထရက်ဖို့ဒ်ကွင်းမှာ မန်ချက်စတာယူနိုက်တက်ကို အနိုင်ယူနိုင်စွမ်းရှိတယ်လို့ ပြောပါတယ်။

ရှက်ဖီးလ်ယူနိုက်တက်နဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ သောကြာနေ့ပွဲစဉ်အပြီး အက်စတွန်ဗီလာက အခုညပိုင်း၊ ဘောက်ဆင်ဒေးပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားရပါမယ်။ လက်ရှိမှာ အက်စတွန်ဗီလာက အမှတ်ပေးဇယားထိပ်ဆုံး သုံးသင်းစာရင်းမှာ ပါဝင်နေပေမယ့် ယူနိုက်တက်ကတော့ ဒဏ်ရာပြဿနာတွေနဲ့ အတူ ရလဒ်ပိုင်းယိမ်းယိုင်ကာ အမှတ်ပေးဇယားအဆင့်-၈ နေရာမှာ ရပ်တည်နေပါတယ်။

ရှက်ဖီးလ်ယူနိုက်တက်နဲ့ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ချေပဂိုး သွင်းယူပေးခဲ့သူ ဇာနီအိုလိုက “ ကျွန်တော်တို့ တော့တင်ဟမ်ကို အဝေးကွင်းမှာ အနိုင်ကစားခဲ့သလို မန်စီးတီးနဲ့ အာဆင်နယ်တို့ကိုလည်း ဆက်တိုက်အနိုင်ယူခဲ့ပါတယ်။ ဒီအရာက ကျွန်တော်တို့ကို ရှေ့ဆက်နိုင်ဖို့နဲ့ အသင်းကြီးတွေကို အနိုင်ယူနိုင်စွမ်းရှိတယ်ဆိုတဲ့ ယုံကြည်မှုမျိုး ပေးစွမ်းပါတယ်။ အသင်းကြီးတွေနဲ့ ရင်ဆိုင်ပြီး ရှုံးနိမ့်ခဲ့ရတာမျိုးလည်း ကျွန်တော်တို့မှာ ရှိပါတယ်။ ဒါက ကျွန်တော်တို့မှာ ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်ဆိုတာကို ပြသပါတယ်။ ဒါပေမယ့် ဒီပွဲစဉ်တွေက ဘယ်တုန်းကမှ မလွယ်ကူခဲ့ပါဘူး။ ရမှတ်နှစ်မှတ် ဆုံးရှုံးလိုက်ရချိန်မှာ လာမယ့်ပွဲစဉ်ကျရင် အကောင်းဆုံးပြန်လုပ်ပြချင်တာမျိုးတွေ ရှိလာပါတယ်။ ဒါကြောင့် သောကြာည ပွဲစဉ်အတွက် ဒီနေ့မှာ ကျွန်တော်တို့တွေ နိုင်ပွဲရယူနိုင်ပါတယ်”လို့ ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဇာနီအိုလို #အက်စတွန်ဗီလာ #ပရီးမီးယားလိဂ်