ရှေ့သို့
Image

အန်ကီတီယာရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမယ့် အာတီတာ

12:16 PM, 25 December

အာဆင်နယ်နည်းပြ အာတီတာတစ်ယောက် ပရီးမီးယားလိဂ်ကလပ်အသင်း ၂ သင်းဖြစ်တဲ့ ပဲလေ့စ် နဲ့ ဘရန့်ဖို့ဒ်တို့က စိတ်ဝင်စားနေချိန်မှာ အန်ကတီယာရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖွယ်ရှိနေပါတယ်။

အင်္ဂလန်သားဟာ ဒီရာသီအာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၂၃ ပွဲအထိ ပါဝင်ကစားပေးထားပြီး လာမယ့်ဇန်နဝါရီမှာ တစ်ခုခုဖြစ်လာနိုင်တယ်လို့ သတင်းတွေထွက်နေပေမယ့် အာတီတာက သူ့ကိုအသင်းရဲ့အဓိကကစားသမားအဖြစ် သတ်မှတ်ထားဆဲလို့ သိရပါတယ်။

သတင်းထောက်တွေကို အောက်တိုဘာလတုန်းက အာတီတာက ပြောကြားရာမှာ “သူက ဂိုးတွေကို မျက်စိကျပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်က သူ့ရဲ့အချက်အလက်ကို ကြည့်ရင် သူလုပ်ပြခဲ့တာတွေက မှတ်ကျောက်တင်ရမှာတွေပါ။ သူပွဲထွက်ခွင့်မိနစ်တွေလိုအပ်သလို အခွင့်အရေးလည်း လိုအပ်ပါတယ်။ အဲ့တာတွေသူရခဲ့မယ်ဆိုရင် သူက ဂိုးတွေပိုရလာနိုင်ပါတယ်။ အဲ့တာ အသေအချာပါပဲ။ သူက အာဆင်နယ်အတွက် ထိပ်တန်းကစားသမားတစ်ဦးပါ။ သူပိုကောင်းလာနိုင်ပါတယ်။ သူ့မှာအကောင်းဆုံးဖြစ်လာနိုင်မယ့် အရည်အချင်းရှိနေပါတယ်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာမှာ ပိုကောင်းပါတယ်။ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကြောင့် သူက ပိုကောင်းလာနိုင်ပါသေးတယ်”လို့ ပြောကြားခဲ့ပါတယ်။

သတင်းတွေအရ အန်ကီတီယာကို ပရီးမီးယားလိဂ်ကလပ်အသင်း ၂ သင်းဖြစ်တဲ့ ဘရန့်ဖို့ဒ်နဲ့ ပဲလေ့စ်တို့က စိတ်ဝင်စားနေသလို အာဆင်နယ်ကလည်း ဘရန့်ဖို့ဒ်စတား တိုနေးကို ချိတ်ဆက်နေပါတယ်။ ဒါပေမယ့် တိုနေးပြောင်းလာခဲ့ရင်တောင် အာဆင်နယ်အနေနဲ့ အသက် ၂၄ နှစ်သားကို ဆက်ထိန်းဖွယ်ရှိနေပြီး အရန်အင်အားတောင့်တင်းအောင် ပြင်ဆင်နေပါတယ်။

အာဆင်နယ်ဟာ စနေနေ့တုန်းက လီဗာပူးကို သရေကန်နိုင်ခဲ့တာကြောင့် ခရစ္စမတ်ကာလအမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။ လာမယ့်ကြာသပတေးနေ့မှာတော့ အာဆင်နယ်ဟာ အိမ်ကွင်းမှာ ဝက်စ်ဟမ်းကို ဧည့်ခံရမှာဖြစ်ပါတယ်။

#အာတီတာ #အာဆင်နယ် #အန်ကီတီယာ #ပရီးမီးယားလိဂ်