ရှေ့သို့
Image

ဒီကလန်ရိုက်စ်သာ လီဗာပူးဂျာစီဝတ်ထားရင် ပရီးမီးယားလိဂ်ဖလား ရနိုင်တယ်လို့ ဆိုလာတဲ့ ဒန်နီမာဖီ

9:52 AM, 25 December

ဒန်နီမာဖီက လီဗာပူးအသင်းသာ အာဆင်နယ်ကြယ်ပွင့် ဒီကလန်ရိုက်စ်ကို ခေါ်ယူထားနိုင်မယ်ဆိုရင် ဒီနှစ်ရာသီ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်မယ်လို့ ပြောခဲ့ပါတယ်။

ရိုက်စ်ဟာ ဒီနှစ်ရာသီ အာဆင်နယ်အသင်းမှာ ခြေစွမ်းပြနေပြီး လီဗာပူးနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာလည်း စွမ်းဆောင်ရည်ကောင်း ပြနိုင်ခဲ့ပါတယ်။ မာဖီက အင်္ဂလန်ကွင်းလယ်လူရဲ့ စွမ်းဆောင်ရည်အပေါ် အားရကျေနပ်လျက်ရှိနေပြီး လီဗာပူးသာ ရိုက်စ်ကို ပိုင်ဆိုင်ထားမယ်ဆိုရင် ပရီးမီးယားလိဂ်ဖလားအောင်ပွဲရနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

မာဖီက "တကယ်လို့ အဘက်ဘက်ကနေ တိုးတက်ချင်နေတဲ့ လူငယ်ကွင်းလယ်ခံစစ်ကစားသမားတစ်ဦး ရှိမယ်ဆိုရင် ဒီနေ့ည ဒီကလန်ရိုက်စ်ကစားပုံကို လေ့လာကြည့်ရှုပြီး သင်ယူနိုင်ပါတယ်။ ဒီပွဲက ရိုက်စ်နဲ့ ဆာလီဘာတို့ဟာ အာတီတာအတွက် ဘယ်လောက်အထိ အရေးပါတယ်ဆိုတာကို ကျွန်တော် မြင်နိုင်ခဲ့ပါတယ်။ သူတို့ ပရီးမီးယားလိဂ်ဖလား ယူမယ်ဆိုရင် အဲ့ဒီနှစ်ယောက်က မပါမဖြစ်ပါပဲ။ ဒီကစားသမားနှစ်ယောက်နဲ့ ဆိုရင် ဘယ်ကွင်းမှာဖြစ်ဖြစ် အမှတ်ယူနိုင်ပါတယ်။ တစ်ဖက်မှာလည်း လီဗာပူးက ဒီလိုကစားသမားမျိုကို ဘယ်လောက်အထိ လိုအပ်နေတယ်ဆိုတာကို ကျွန်တော် မြင်ခဲ့ပါတယ်။ တကယ်လို့ ရိုက်စ်သာ လီဗာပူးဂျာစီ ဝတ်ထားမယ်ဆိုရင် သူတို့ ပရီးမီးယားလိဂ်ဖလား ရနိုင်မယ်လို့ ထင်ပါတယ်။ သူက အဲ့ဒီလောက်အထိကို ကောင်းတာပါ။ သူ အဲ့ဒီပွဲမှာလည်း အဘက်ဘက်ကနေ မယုံနိုင်စရာ စွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။ သူ့ရဲ့ပွဲကို ဖတ်နိုင်မှု၊ ဘောလုံးယူနိုင်မှု၊ နေရာယူနိုင်မှု၊ ဖိအားတွေကြား ဘောလုံးကိုင်နိုင်မှု၊ ပြိုင်ဘက်ကစားသမားတွေကြား ဘောလုံးပေးနိုင်မှုတို့က တကယ်ကောင်းတဲ့ စွမ်းဆောင်ရည်ပါပဲ"လို့ ဆိုခဲ့ပါတယ်။

#အာဆင်နယ် #မာဖီ #ပရီးမီးယားလိဂ် ဒီကလန်ရိုက်စ်