ရှေ့သို့
Image

တော့တင်ဟမ်က စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ ဂယ်လာဟာအတွက် ဈေးသတ်မှတ်လိုက်တဲ့ ချဲလ်ဆီး

9:46 AM, 25 December

ချဲလ်ဆီးအသင်းဟာ တော့တင်ဟမ်က စိတ်ဝင်စားနေတဲ့ ကွင်းလယ်ကြယ်ပွင့် ကော်နာဂယ်လာဟာအတွက် ဈေးသတ်မှတ်လိုက်ကြောင်း သိရပါတယ်။

ဇန်နဝါရီအပြောင်းအရွှေ့အတွင်း ချဲလ်ဆီးဟာ ကစားသမားအချို့ကို ရောင်းချဖို့ လိုအပ်နေခဲ့ပြီး ဂယ်လာဟာကလည်း ရောင်းခံရနိုင်တဲ့ ကစားသမားတွေထဲ ပါဝင်တယ်လို့ ဆိုပါတယ်။ ချဲလ်ဆီး အသင်းဟာ အသင်းပိုင်ရှင်သစ် တော့ဒ်ဘိုလေရဲ့လက်ထက် ၁၈လအတွင်း ပေါင်၁ဘီလီယံကျော် သုံးစွဲခဲ့ပြီးနောက် ဘဏ္ဍာရေးစာရင်းကို ပြန်လည်ထိန်းညှိနိုင်ဖို့ ကစားသမားတွေကို ပြန်လည်ရောင်းချရန် လိုအပ်လာခဲ့ပါတယ်။

ဂယ်လာဟာရဲ့စာချုပ်ဟာ ၂၀၂၅ခုနှစ်မှာ သက်တမ်းကုန်တော့မှာဖြစ်ပြီး စာချုပ်သစ်ကိစ္ စဆွေးနွေးမှုတွေကလည်း တိုးတက်လာခြင်းမရှိတာကြောင့် လာမယ့်လအတွင်း ရောင်းချခံရနိုင်ပေမယ့် ပြောင်းရွှေ့ကြေးကတော့ မြင့်မားနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြပိုချက်တီနိုကတော့ ဒီနှစ်ရာသီ ရုန်းကန်နေရတဲ့ ချဲလ်ဆီးအသင်းမှာ အကောင်းဆုံးခြေစွမ်းပြထားနိုင်တဲ့ အင်္ဂလန်ကွင်းလယ်လူကို အသင်းမှာ ဆက်ထိန်းထားချင်နေပါတယ်။

တော့တင်ဟမ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ဂယ်လာဟာကို ချဉ်းကပ်ခဲ့သလို လာမယ့်လအတွင်းမှာလည်း ဆက်လက်ကြိုးစားလာနိုင်ပါတယ်။ The Sunရဲ့အဆိုအရ တော့တင်ဟမ်အသင်ဟာ ဝါရင့်ကွင်းလယ်လူ ဟိုဂျက်ရဲ့ ခြေစွမ်းကျဆင်းလာမှုကြောင့် ဂယ်လာဟာကို စိတ်ဝင်စားလာတာဖြစ်တယ်လို့ သိရပါတယ်။

ဟိုဂျက်ဟာ ဒီနှစ်ရာသီ နည်းပြ ပိုစတီကိုဂလူရဲ့အသင်းမှာ နေရာမရဖြစ်နေသလို သူ့ရဲ့ကစားပုံကလည်း နည်းပြရဲ့ကစားကွက်ထဲ အံမဝင်သလိုဖြစ်နေပါတယ်။ တော့တင်ဟမ်ကတော့ ဂယ်လာဟာကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ဇန်နဝါရီလအတွင်း ဟိုဂျက်ကို ပြန်လည်ရောင်းချသွားဖို့ စီစဉ်ထားခဲ့ပါတယ်။

#ချဲလ်ဆီး #တော့တင်ဟမ် #အပြောင်းအရွှေ့ #ဂယ်လာဟာ