ရှေ့သို့
Image

နာပိုလီနှင့် စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ အာဆင်နယ်နဲ့ချဲလ်ဆီးပသ်မှတ် အိုဆီမန်

2:55 PM, 24 December

အိုဆီမန်ဟာ နာပိုလီနှင့်အတူ ၂၀၂၆ ခုနှစ် ဇွန်လအထိ စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း အသင်းဥက္ကဌ လော်ရန်းတစ်က ကြေညာလိုက်ပါတယ်။


သူ့ရဲ့ပရိသတ်တွေအတွက် ခရစ္စမတ်သစ်ပင်ရဲ့အောက်မှာ အံ့ဩဖွယ်လက်ဆောင်ဖြစ်နိုင်ပါတယ်လို့ ပြီးခဲ့တဲ့ညကတည်းက အရိပ်အမြွက်ပြောကြားခဲ့တာဖြစ်ပါတယ်။


နာပိုလီရဲ့ အစဉ်အလာအရ ယခုလိုကြေညာမှုတွေကို လော်ရန်းတစ်က ထိန်းချုပ်ထားတာဖြစ်ပြီး အိုဆီမန်ရဲ့လက်မှတ်ထိုးနေတဲ့ ပုံနှင့်အတူ "ပြီးဆုံးသွားပါပြီ" ဟူသော စကားလုံးကို ရေးသားကာ ပို့စ်တင်ထားတာဖြစ်ပါတယ်။


Sky Sport Italia နှင့် ဖာဘရီဇီယိုရိုမန်နိုတို့အပါအဝင် သတင်းတော်တော်များများမှာ အိုဆီမန်ရဲ့ လစာက အခွန်ဖြတ်တောက်ပြီးပါက တစ်ရာသီလျှင် ယူရို ၁၀ သန်း ရရှိမှာဖြစ်ပါတယ်လို့ ဖော်ပြထားပါတယ်။


စာချုပ်ဖျက်သိမ်းကြေးလည်း ပါဝင်နေပြီး ယူရိုသန်း ၁၂၀-၁၃၀ ဝန်းကျင်လောက်ရှိမှာဖြစ်ကာ အီတလီပြင်ပ ကလပ်တွေအတွက် နွေရာသီမှာ အသက်ဝင်မှာဖြစ်ပါတယ်။


အဆိုပါပမာဏလောက်ကိုတော့ အာဆင်နယ်၊ ချဲလ်ဆီး၊ ရီးရဲလ်မက်ဒရစ်နှင့် ပီအက်စ်ဂျီတို့က လက်တွန့်နေမှာမဟုတ်ပါဘူး။


၂၀၂၀ ခုနှစ် စက်တင်ဘာလ အိုဆီမန်ကို လိုင်လီကနေ ခေါ်ယူတုန်းက နာပိုလီဟာ ယူရို ၇၅ သန်းအပြင် အပိုဆုကြေးတွေကိုပါ ပေးခဲ့ရတာဖြစ်ပါတယ်။ သူဟာ ကလပ်အတွက် စီးရီးအေဆုဖလားရရှိရန် ကူညီပေးခဲ့သလို စီးရီးအေနှင့် အာဖရိကရဲ့ အကောင်းဆုံးကစားသမားဆုကို တစ်ပြိုင်နက်တည်းရရှိတဲ့ ပထမဆုံး အာဖရိကသားဖြစ်လာခဲ့ပါတယ်။


#စီးရီးအေ #အပြောင်းအရွှေ့ #အိုဆီမန် #ပရီးမီးယားလိဂ်