ရှေ့သို့
Image

ဝက်စ်ဟမ်းအား ရှုံးနိမ့်ပြီးနောက် ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်အပေါ် ရိုသားစွာဝန်ခံလိုက်တဲ့ လုခ်ရှော

12:20 PM, 24 December

စနေနေ့က ဝက်စ်ဟမ်းနှင့်ကစားခဲ့တဲ့ ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်က လုံလောက်မှုမရှိပါဘူးလို့ လုခ်ရှောက ဝန်ခံပြောကြားလိုက်ပါတယ်။


ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က လီဗာပူးနှင့်ပွဲမှာ အကောင်းဆုံးပုံစံကို တည်ဆောက်ခဲ့သော်လည်း ဝက်စ်ဟမ်းနှင့်ပွဲမှာတော့ ဘိုဝမ်နှင့် ကူဒက်စ်တို့ရဲ့ ဂိုးများကြောင့် ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။


ပထမပိုင်းမှာရရှိခဲ့တဲ့ အပိုင်အခွင့်အရေးကို ဂါနာချိုက ဖြုန်းတီးခဲ့သလို ယူနိုက်တက်ဟာ ၁၉၉၂  ခုနှစ် နောက်ပိုင်း ၄ ပွဲဆက် ဂိုးမသွင်းနိုင်တာလည်းဖြစ်ပါတယ်။


ယူနိုက်တက်ဟာ သွင်းဂိုးတွေအတွက် ရုန်းကန်နေရပြီး ၆ ဂိုးသွင်းယူထားတဲ့ တွန်မီနေးကသာ အသင်းရဲ့ သွင်းဂိုး အများဆုံး ကစားသမားဖြစ်နေပါတယ်။ ဒုတိယပိုင်းမှာ ဟွိုက်လန်းရဲ့နေရာတွင် ရက်ရှ်ဖို့ဒ်က အစားဝင်ရောက်ခဲ့သော်လည်း ထူးခြားသွားအောင် လုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။


ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့တာကြောင့် ယူနိုက်တက်ဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာသို့ ရောက်သွားခဲ့ပြီး "အသင်းရဲ့ကစားပုံက တကယ်ကို လုံလောက်မှုမရှိခဲ့ပါဘူး။ ကျွန်တော်တို့က အနိုင်ရရှိခဲ့ရမှာပါ။ ကျွန်တော်တို့က ပွဲတွေ ရမှတ်တွေကို ဆုံးရှုံးနေပြီး ကိုက့်ကိုကိုယ်ခက်ခဲအောင်လုပ်လိုက်သလိုပါပဲ"


"အထူးသဖြင့် ဒုတိယပိုင်းမှာ လုံးဝကို မလုံလောက်ခဲ့ပါဘူး။ ပထမပိုင်းမှာ ပွဲကိုထိန်းနိုင်ခဲ့သလို အခွင့်အရေးတွေလည်းရရှိခဲ့ကာ ဂိုးသွင်းယူနိုင်ခဲ့မယ်ဆိုရင် ရလဒ်က ပြောင်းလဲသွားနိုင်ပါတယ်၊ ဒါပေမဲ့ မလုပ်နိုင်ခဲ့တာကြောင့် ဒုတိယပိုင်းမှာ ဂိုးတွေပေးခဲ့ရပါတယ်"


"ဝက်စ်ဟမ်းရဲ့ နည်းဗျူဟာ အပြောင်းအလဲက ကျွန်တော်တို့အပေါ် သက်ရောက်စေတယ်လို့ မထင်မိပါဘူး။ အရိုးသားဆုံးပြောရရင် ဘောလုံးပေးပို့မှုတွေက အရမ်းကိုကောင်းခဲ့ပြီး ကံကောင်းခဲ့တာလည်းပါ ပါတယ်။ ဒုတိယဂိုးကတော့ ကျွန်တော်တို့ရဲ့ အမှားဖြစ်ပါတယ်" 


"ဒုတိယပိုင်းအစမှာ ပထမပိုင်းမှာမတူညီတော့ဘဲ ဒါကြောင့် ကျွန်တော်တို့က အနိုင် ၃ မှတ်ကို ဆုံးရှုံးခဲ့ရတာပါ" လို့ ရှောက TNT Sports သို့ ပြောပါတယ်။


ဂိုးသွင်းဖို့ အသင်းက ဘာလို့ရုန်းကနေရသလဲလို့ မေးရာတွင် ရှောက "ကျွန်တော်လည်း မသိပါဘူး။ ဘာတွေဖြစ်နေလဲဆိုတာတွေးရမှာပါ။ ကျွန်တော်တို့က လုံလောက်တဲ့အခွင့်အရေးတွေ မဖန်တီးနိုင်တာဖြစ်သလို တည်ငြိမ်မရှိတာကြောင့်လည်းဖြစ်ပါတယ်"


"လက်ရှိအချိန်မှာ ယုံကြည်မှုပျောက်ဆုံးနေပြီး ဘောလုံးမှာက ဒီလိုမျိုးကဖြစ်တက်ပါတယ်။ ဒါပေမဲ့ အကောင်းဘက်သို့ရောက်အောင် လုပ်ရမှာဖြစ်ပြီး နောက်ထပ်ပွဲကြီးပွဲကောင်းဖြစ်တဲ့ အက်စ်တွန်ဗီလာနဲ့ ကစားရမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။


#မန်ချက်စတာယူနိုက်တက် #လုခ်ရှော #ပရီးမီးယားလိဂ်