ရှေ့သို့
Image

ဘက်ဆစ်တက်ခ်နည်းပြသစ်ဖြစ်လာတော့မယ့် ယူနိုက်တက်နည်းပြဟောင်း ဆိုးလ်ရှား

11:18 AM, 24 December

သတင်းတွေအရ ယူနိုက်တက်နည်းပြဟောင်း ဆိုးလ်ရှားဟာ ဘက်ဆစ်တက်ခ်နည်းပြသစ်ဖြစ်လာတော့မယ်လို့ သိရပြီး အဆိုပါသတင်းက ယူနိုက်တက်ကစားသမားဟောင်းတစ်ဦးအတွက် သတင်းကောင်းဖြစ်လာပါတယ်။

၂၀၂၁ နိုဝင်ဘာတုန်းက ယူနိုက်တက်နည်းပြဘဝကနေ ထွက်ခွာခဲ့ပြီးနောက် အလုပ်လက်မဲ့ဖြစ်နေတာဖြစ်ပါတယ်။


အသက် ၅၀ အရွယ်နော်ဝေသားဟာ ယခင်တုန်းက မိုလ်ဒီ နဲ့ ကာဒစ်ဖ်အသင်းတို့ကို ကိုင်တွယ်ခဲ့တာဖြစ်ပြီး ယူနိုက်တက်အပါအဝင် ၃ သင်းပေါင်း ၁၄၉ ပွဲအထိ ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။


အခုချိန်မှာတော့ ဆိုးလ်ရှားတစ်ယောက် ဘက်ဆစ်တက်ခ်နည်းပြသစ်ဖြစ်လာတော့မယ်လို့ သိရပါတယ်။ ဆိုးလ်ရှားဟာ ကလိန်းဘေနေရာမှာ အစားဝင်မှာဖြစ်ပြီး ၁၈ လစာချုပ်ချုပ်ဆိုဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ဘက်ဆစ်တက်ခ်အတွက်တော့ ဒီရာသီ ၃ ဦးမြောက် အမြဲတမ်းနည်းပြဖြစ်လာခဲ့ပြီး ကလိန်းဘေမတိုင်ခင် ယခင်တုန်းကလည်း ဂန်နက်စ်ကို အောက်တိုဘာလတုန်းက ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။


ဘက်ဆစ်တက်ခ်ဟာ လက်ရှိအမှတ်ပေးဇယားမှာ ဖီနာဘာချီ ၊ ဂါလာတာစာရေးတို့နောက် ၁၇ မှတ်အကွာ အဆင့် ၅ နေရာမှာရပ်တည်နေပါတယ်။

သူတို့အသင်းရလဒ်ဆိုးဝါးမှုဟာ ဘိုင်လီအပါအဝင် ကစားသမား ၄ ဦးကြောင့် အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။ ဘိုင်လီရဲ့အေးဂျင့်ကတော့ သူ့ကစားသမားဟာ အကြမ်းဖက်ခံခဲ့ရတာဖြစ်တယ်လို့ အခိုင်အမာဆိုပါတယ်။

အသက် ၂၉ နှစ်သားဟာ  ဒီရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပြီး ဘက်ဆစ်တက်ခ်အတွက် ၈ ပွဲသာ ပါဝင်ခွင့်ရရှိထားခဲ့ပါတယ်။


ဘိုင်လီဟာ ၂၀၁၆ တုန်းက ဗီလာရီးရဲလ်ကနေ ယူနိုက်တက်ထံပြောင်းလာခဲ့တာဖြစ်ပြီး မော်ရင်ဟို နဲ့ ဆိုးလ်ရှားလက်အောက်မှာ ပုံမှန်နေရာရခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အသင်းနဲ့အတူ ပထမရာသီမှာ လိဂ်ဖလားအပြင် ယူရိုပါလိဂ်ဖလားပါ ရယူနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်တွေက ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။


ပြီးခဲ့တဲ့ရာသီတုန်းက ဘိုင်လီဟာ မာဆေးလ်အသင်းမှာ အငှားထွက်ကစားခဲ့ပေမယ့် အဆင်မပြေခဲ့ပဲ ဘက်ဆစ်တက်ခ်ကို ၁ နှစ်စာချုပ်နဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။

အခုချိန်မှာတော့ နည်းပြဟောင်း ဆိုးလ်ရှားနဲ့ပြန်လည်လက်တွဲရမှာဖြစ်တာကြောင့် သူ့ကစားသမားဘဝကို ပြန်လည်ကယ်တင်နိုင်ဖွယ်ရှိနေပါတယ်။


#ဆိုးလ်ရှား #ဘွန်ဒက်စ်လီဂါ #ဘက်ဆစ်တက်