ရှေ့သို့
Image

အလာဘာ ဒဏ်ရာ ရရှိခဲ့ပြီးနောက် ဗာရာနီကို ခေါ်ယူဖို့ စီစဉ်နေတဲ့ ရီးရဲလ်မက်ဒရစ်

10:41 AM, 22 December

ဒူးဒဏ်ရာကြောင့် ရာသီကုန်အထိ အလာဘာကို လက်လွှတ်ရမှာဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ယူနိုက်တက်က ဗာရာနီကို ခေါ်ယူဖို့ စဉ်စီနေတယ်လို့ သိရှိရပါတယ်။

အသင်းရဲ့ပထမဦးစားပေး နောက်တန်းကစားသမားနှစ်ဦးဖြစ်တဲ့ အလာဘာက ဒူးဒဏ်ရာရရှိနေသလို မီလီတာအိုက ACL ဒဏ်ရာကနေ သက်သာဖို့ လုပ်ဆောင်နေတုန်းဖြစ်တာကြောင့် ခံစစ်အတွက် ရီးရဲလ်မက်ဒရစ်က အင်အားဖြည့်တင်းလိုနေတာဖြစ်ပါတယ်။ ခရစ္စတီယန်ဖော့ခ်ရဲ့ အဆိုအရ ရီးရဲလ်မက်ဒရစ်ဟာ နည်းပြအန်ဆယ်လော့တီရဲ့လက်အောက် ခံစစ်အင်အား တောင့်တင်းလာစေဖို့ ဗာရာနီကို ဦးစားပေးအဖြစ် ပစ်မှတ်ထားနေပါတယ်။

ဗာရာနီဟာ လက်ရှိရာသီ ယူနိုက်တက်မှာ နေရာမရဖြစ်ပြီး အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ သတင်းတွေ ထွက်နေတာဖြစ်ပါတယ်။ ပြင်သစ်သားဟာ ရီးရဲလ်မက်ဒရစ်နှင့် စာချုပ်သက်တမ်းတိုးဖို့ကို ငြင်းပယ်ခဲ့ပြီးနောက် ယူနိုက်တက်သို့ ၂၀၂၁ ခုနှစ်တွင် ပေါင် သန်း ၄၀ ဖြင့် ပြောင်းရွှေ့လာခဲ့တာပါ။ သို့သော်လည်း ပရီးမီးယားလိဂ်တွင် ရုန်းကန်နေရကာ အသက် ၃၅နှစ်အရွယ် အီဗန်ကသာ ပွဲထွက်ခွင့်ရရှိနေတာဖြစ်တာဖြစ်ပါတယ်။

ယူနိုက်တက်အတွက် ၇၇ ပွဲ ကစားပေးထားတဲ့ ဗာရာနီဟာ နည်းပြတန်ဟက်ရဲ့ လက်အောက် လက်ရှိရာသီမှာ လိဂ်ပွဲ ၉ ပွဲသာ ကစားထားရပါတယ်။ အိုးထရက်ဖို့ဒ်မှာ နောက်လာမယ့် ၁၈ လမှ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဗရာနီအတွက် ယူနိုက်တက်က ယူရို ၃၅ သန်း (ပေါင်းသန်း ၃၀) အလိုရှိနေပါတယ်လို့ ဖီချာဂျက်စ်က ဖော်ပြထားပါတယ်။ ဒါကြောင့် လာ မယ့်နွေရာသီမှာ အသက် ၃၁ နှစ်ပြည့်မှာဖြစ်တဲ့ ကစားသမားအတွက် မက်ဒရစ်က အဆိုပါပမာဏကို သုံးစွဲမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

မက်ဒရစ်ဟာ ပေါ်တူဂီနောက်တန်းကစားသမားတွေဖြစ်တဲ့ ဂွန်ကာလို အင်ယာဆီနိုနှင့် အန်တိုနီယို ဆေးလ်ဗားတို့ကို ချိတ်ဆက်နေပါတယ်။

#ဗာရာနီ #အလာဘာ #ရီးရဲလ်မက်ဒရစ် #ဗာရာနီ #ပရီးမီးယားလိဂ်