ရှေ့သို့
Image

ကလပ်အမေရိကနဲ့ ခြေစမ်းပွဲကန်တာက အသင်းကို ဘဏ္ဍာရေးပိုင်းဆိုင်ရာ အကူအညီဖြစ်စေဖို့ဖြစ်ကြောင်း နည်းပြ ဇာဗီပြောကြား

8:45 AM, 22 December

အယ်လ်မီရီယာကို ၃-၂ နဲ့အနိုင်ရခဲ့ပြီးနောက် နာရီ ၃၀ အကြာမှာပဲ ကလပ်အမေရိကနဲ့ ခြေစမ်းပွဲကန်တာက သူနဲ့ သူ့အသင်းသားတွေဟာ ကလပ်အသင်းကို ဘဏ္ဍာရေးပိုင်းဆိုင်ရာအကူအညီဖြစ်စေဖို့ဖြစ်ကြောင်း ဇာဗီက ပြောကြားလိုက်ပါတယ်။

ဒါးလက်စ်မှာကန်မယ့်အဆိုပါပွဲအတွက် ဘာစီလိုနာဟာ ယူရို ၅ သန်း ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ “ဒါးလက်စ်ကို သွားရတာက ကျေနပ်စရာပါ။ ကျွန်တော်တို့အသင်းအခြေအနေကို သိထားပြီးသားပါ။ အားလုံးကလည်း အသင်းကို ဘဏ္ဍာရေးပိုင်းဆိုင်ရာမှာ ကူညီချင်နေကြပါတယ်။ ကျွန်တော်တို့အမေရိကမြေမှာ ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးပေးဆပ်သွားမှာပါ”လို့ ဇာဗီက ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာဟာ ဗုဒ္ဓဟူးနေ့က အယ်လ်မီရီယာကို အနိုင်ရပြီးနောက် ကြာသပတေးနေ့မှာ ကလပ်အမေရိကနဲ့ခြေစမ်းဖို့ ထွက်ခွာခဲ့တာဖြစ်ပါတယ်။ ဇာဗီဟာ အဆိုပါပွဲစဉ်အတွက် စီနီယာကစားသမားတွေကိုခေါ်ဆောင်သွားပေမယ့် တော်တော်များများက ဒဏ်ရာကြောင့် လိုက်ပါနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

အာရူဂျိုနဲ့ ပီဒရီတို့က အခုအပတ်မှာ အသင်းနဲ့ပြန်လည်ပူးပေါင်းမှာဖြစ်ပေမယ့် တာစတီဂျန်၊ ဂါဗီ၊ မာတီနက်ဇ်နဲ့ အလွန်ဆိုတို့က ဒဏ်ရာ ရရှိနေဆဲဖြစ်ပါတယ်။ ဒါကြောင့် ဘာစီလိုနာဟာ ဘီအသင်းကစားသမားလေးတွေကို စီနီယာအသင်းထံခေါ်ဆောင်ထားကာ မာ့ခ်ဂူအီက ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဘာစီလိုနာဟာ ရာသီအလယ်မှာ ငွေကြေးရှာဖွေဖို့ ခြေစမ်းပွဲတွေလုပ်ဆောင်နေကာ ဂျပန်မှာတစ်ကြိမ် ၊ သြစတြေးလျမှာတစ်ကြိမ်နဲ့ တောင်အာဖရိကမှာ တစ်ကြိမ်ကန်ခဲ့တာဖြစ်ပါတယ်။ ဒါးလက်စ်မှာကန်မယ့်ပွဲအပြီးမှာ ဘာစီလိုနာဟာ လက်စ်ပါးမက်စ်နဲ့ကန်ရမှာဖြစ်ပြီး စပိန်လိဂ်က ခရစ္စမတ်နားရက်နားဦးမှာဖြစ်ပါတယ်။

ဘာစီလိုနာဟာ လက်ရှိလာလီဂါအမှတ်ပေးဇယားရဲ့အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက ဂီရိုနာနဲ့ ၆ မှတ်အကွာ ၊ ဒုတိယနေရာက ရီးရဲလ်အသင်းနဲ့ ၄ မှတ်ကွာဟနေပါတယ်။

#ဇာဗီ #ခြေစမ်းပွဲ #အယ်လ်မီရီယာ