ရှေ့သို့
Image

မကြာခင် တိုနေး အသင်းက ထွက်ခွာနိုင်ကြောင်း ပြောကြားလိုက်တဲ့ ဘရန့်ဖို့ဒ် အကြီးအကဲ

11:47 AM, 21 December

ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေးဟာ ဇန်နဝါရီဈေးကွက်တွင် ပြောင်းရွှေ့ဖွယ်ရှိကြောင်း ကလပ်ရဲ့ နည်းစနစ်ဒါရိုက်တာက ပြောကြားခဲ့လိုက်ပါတယ်။

တိုနေးဟာ အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုများရှိနေခဲ့ပြီး ချဲလ်ဆီးနှင့် အာဆင်နယ်တို့က ခေါ်ယူဖို့ရှိနေပါတယ်။ ကလပ်ရဲ့နည်းစနစ်ဒါရိုက်တာ လီဒိုက်ခ်က အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ ထွက်ခွာဖို့ရှိနေပြီး ငွေကြေးပမာဏ များများပေးချေရမယ်လို့ ပြောကြားလိုက်ပါတယ်။

"ဇန်နဝါရီမှာ တိုနေးကိုစိတ်တင်စားနေတဲ့ကလပ်တွေများပါတယ်။ ပုံမုန်ဆိုရင်လည်း အဲ့ဒီအတိုင်း ဖြစ်မှာပါ။ သူဟာပြီးခဲ့တဲ့ရာသီရဲ့ တတိယမြောက်သွင်းဂိုးအများဆုံး ကစားသမားပါ။ သွင်းဂိုးအများဆုံးထဲက တစ်ဦးဖြစ်တဲ့ ကိန်းက ဂျာမနီသို့ပြောင်းသွားပါပြီ ဒါကြောင့်သူက လိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်မှုးတွေထဲက တစ်ဦးအဖြစ်ကျန်ရှိနေတာပါ။ ကျွန်တော့် အမြင်အရတော့ သူက ကမ္ဘာ့ထိပ်တန်း ၅ ဦးထဲမှာပါ ပါတယ်" "စိတ်ဝင်စားမှုတွေရှိနေတာကြောင့် တိုနေးရဲ့ အသင်းပြောင်းရွှေ့မှုက သိပ်မကြာခင်မှာ ဖြစ်လာနိုင်ပါတယ်။ သူဟာ အရည်အချင်းရှိ ကစားသမားဖြစ်တာကြောင့် သူ့ရဲ့ပြောင်းရွှေ့ကြေးကတော့ များပြားမှာပါ" "တိုနေးရဲ့ မျက်လုံးထဲက တကယ့်ရည်ရွယ်ချက်တွေကို  ကျွန်တော်တွေ့နေပါတယ်။ သူက အရင်ကထက် ပိုကောင်းလာမယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်" လို့ အသင်းရဲ့ နည်းစနစ်ဒါရိုက်တာက ပြောပါတယ်။

တိုနေးဟာ ဘရန့်ဖို့ဒ် အတွက် နောက်ဆုံးပွဲကို ကစားပေးပြီးပြီပဲ ဖြစ်ပါတယ်။ သူဟာ အက်ဖ်အေရဲ့ အလောင်းကစားစည်းမျဉ်းကို ချိုးဖောက်ခဲ့တာကြောင့် ၈ လ ပွဲပယ်ခံထားရတာဖြစ်ပြီး ဇန်နဝါရီ ၁၇ ရက်နေ့အထိ ကစားနိုင်သေးမှာ မဟုတ်ပါဘူး။ ဘရန့်ဖို့ဒ်ကတော့ ကလပ်ရဲ့ ကစားသမားကို ဈေးပေါပေါနဲ့တော့ လက်လွှတ်ခံမှာ မဟုတ်ပါဘူး။ သတင်းတွေအရတော့ ပေါင် သန်း ၁၀၀ (ယူရို ၁၁၅ သန်း/ ဒေါ်လာ ၁၂၆ သန်း) ဈေးသတ်မှတ်ထားပါတယ်။

ဇန်နဝါရီဈေးကွက် ဖွင့်လှစ်တဲ့အခါ ချဲလ်ဆီး ဒါမှမဟုတ် အာဆင်နယ်တို့ထဲက ဘယ်အသင်းက စတင်ကမ်းလှမ်းလာမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဆောင်းရာသီဈေးကွက်မှာ သူ့ရဲ့ကစားသမားကို မဆုံးရှုံးလိုဘူးလို့ ဘရန့်ဖို့ဒ် နည်းပြ သောမက်စ် ဖရန့်ခ်က အတိအလင်းပြောကြားထားသော်လည်း အပြိုင်အဆိုင် ကမ်းလှမ်းမှုတွေ ရောက်လာမယ်ဆိုရင်တော့ လက်လွှတ်ရမှာဖြစ်ပါတယ်။

#ဘရန့်ဖို့ဒ် #အပြောင်းအရွှေ့ #တိုနေး