ရှေ့သို့
Image

နူနိုဆန်းတို့ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီဖြစ်ကြောင်း နော်တင်ဟမ်ဖောရက်စ် အတည်ပြု

8:35 AM, 21 December

နော်တင်ဟမ်ဖောရက်စ် အသင်းက နူနိုဆန်းတို့ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။

ပေါ်တူဂီသားဟာ ကူးပါးနေရာမှာ အစားဝင်လာခဲ့တာဖြစ်ပြီး ၂ နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ နူနိုဟာ လာမယ့်စနေနေ့မှာ ကစားမယ့် ဘုန်းမောက်နဲ့ပွဲမှာ စတင်ကိုင်တွယ်မှာဖြစ်ပြီး တော့တင်ဟမ်ကနေ ထွက်ခွာပြီးနောက် ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ပြန်လာခဲ့တာဖြစ်ပါတယ်။

နူနိုဟာ နိုဝင်ဘာလတုန်းက အယ်လ်-အီတီဟက်အသင်းကနေ ထွက်ခွာလာပြီးကတည်းက  အလုပ်လက်မဲ့ဖြစ်နေတာဖြစ်ပြီး နော်တင်ဟမ်ဖောရက်စ် တန်းဆင်းဇုန်ရဲ့အထက် ၅ မှတ်အကွာမှာ ရပ်တည်နေပါတယ်။ အသက် ၄၉ နှစ်သားဟာ ကူးပါးနေရာမှာ အစားဝင်မှာဖြစ်ပြီး ကူးပါးဟာ ပရီးမီးယားလိဂ် ၁၃ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပြီးနောက် အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။

အသက် ၄၄ နှစ်သားဟာ နော်တင်ဟမ် အသင်းကို ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်မှာ တန်းတင်ကျန်ရစ်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ ရလဒ်တွေဆိုးဝါးခဲ့တာကြောင့် အထုတ်ခံခဲ့ရတာဖြစ်ပြီး နူနိုဆန်းတို့အနေနဲ့ နော်တင်ဟမ်ကို ပရီးမီးယားလိဂ်မှာ တန်းတင်ကျန်ရစ်အောင် ကူညီပေးရမှာဖြစ်ပါတယ်။
နူနိုဟာ ဝုဗ်အသင်းနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တာဖြစ်ပြီး ယူရိုပါလိဂ်မှာ ကွာတားဖိုင်နယ်အထိ ပို့ဆောင်ပေးနိုင်ခဲ့ကာ ၂၀၂၁ မှာ မော်ရင်ဟိုနေရာကို အစားဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ၁၀ ပွဲသာ ကိုင်တွယ်ခဲ့ရပြီး အထုတ်ခံခဲ့ရတာဖြစ်ပြီး လွန်ခဲ့တဲ့ ၁ နှစ်တုန်းက ဝုဗ်အသင်းက ပြန်လည်ချိတ်ဆက်ခဲ့သေးတာဖြစ်ပါတယ်။

#ကူးပါး #ဝုဗ် #နူနိုဆန်းတို့ #နောတင်ဟမ်ဖောရက်စ် #ပရီးမီးယားလိဂ်