ရှေ့သို့
Image

ရီးရဲလ်အစား ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ ဘယ်လောက်အထိ နီးစပ်ခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်တဲ့ အန်းဒရစ်ခ်

1:15 PM, 20 December

ဘရာဇီးလူငယ်စတား အန်းဒရစ်ခ်က သူ့အနေနဲ့ ရီးရဲလ်အစား ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ တော်တော်လေးနီးစပ်ခဲ့တယ်လို့ အတည်ပြုလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၁ နှစ်တုန်းက မက်ဒရစ်အသင်းက အန်းဒရစ်ခ်ကို ပေါင် ၅၂ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး လာမယ့်နွေရာသီမှာ အသင်းနဲ့ ပူးပေါင်းနိုင်မှာဖြစ်ပါတယ်။ ရီးရဲလ်အသင်းဟာ ယခင်တုန်းကလည်း ဘရာဇီးလူငယ်စတားတွေဖြစ်တဲ့ ဗင်နီဆီးယက်စ်၊ ရိုဒရီဂိုတို့ကို ခေါ်ယူခဲ့တာဖြစ်ပြီး အခုလည်း အန်းဒရစ်ခ်ကို ခေါ်ယူထားနိုင်ခဲ့ပါတယ်။

အန်းဒရစ်ခ်ကိုခေါ်ယူနိုင်ဖို့ ရီးရဲလ်အသင်းဟာ ပီအက်စ်ဂျီ၊ ချဲလ်ဆီးတို့နဲ့ အားပြိုင်ခဲ့ရတာဖြစ်ပါတယ်။ ဘရာဇီးသားက အခုချိန်မှာတော့ ရီးရဲလ်အသင်းဟာ ဟာလန်းနဲ့ ဘာပေတို့ကို ဆွဲဆောင်နေတာကြောင့် မိမိကိုခေါ်ယူဖို့ ခေတ္တဆိုင်းငံ့ထားတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“အချက်တစ်ချက်ရှိပါတယ်။ ရီးရဲလ်အသင်းက ဟာလန်းနဲ့ ဘာပေတို့ကို ဆွဲဆောင်နေချိန်မှာ ကျွန်တော့်ကို ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီတို့က စိတ်ဝင်စားခဲ့ကြပါတယ်။ မှန်ပါတယ်။ သူတို့ အသင်းကြီးတွေပါ။ ကျွန်တော့်ကို အရမ်းစိတ်ဝင်စားခဲ့ကြသလို ကောင်းမွန်တဲ့ရွေးချယ်မှုလည်း ဖြစ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကလည်း ကျွန်တော့်ကို ဆွဲဆောင်ခဲ့ပါတယ်။ အင်္ဂလိပ်တွေက ကမ္ဘာ့စီးပွားရေးလောကကို  ဦးဆောင်ထားတာပါ။ ချဲလ်ဆိးကို ကျွန်တော်ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပါတယ်။ လန်ဒန်မှာ မိုးတွေရွာတယ်လို့ သူတို့က ကျွန်တော့်ကိုပြောပါတယ်။ ဒါပေမယ့် အဲ့တာက ပြဿနာမဖြစ်လာနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က မိုးရေထဲမှာကစားရတာကို အမြဲတမ်းကြိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အိပ်မက်က ရီးရဲလ်အသင်းဖြစ်ခဲ့တာပါ။ ဒါကြောင့်ပဲ ရီးရဲလ်အသင်းကိုပဲ ရွေးချယ်ခဲ့ပြီး ဒီမှာ ကစားခွင့်ရမယ့်အတွက် ပျော်ရွှင်မိပါတယ်။ အသင်းမှာ ဗင်နီဆီးယက်စ် ၊ ရိုဒရီဂို ဒါမှမဟုတ် ဘာပေတို့နဲ့ တွဲကစားခွင့်ရမယ်ဆိုရင် အရမ်းကောင်းမှာပါ။ ပီရက်ဇ်ကလည်း ဒီအသင်းကို ထိပ်တန်းကစားသမားတွေနဲ့ တည်ဆောက်ပြီး အသင်းကိုပိုကောင်းအောင်လုပ်ဆောင်ထားပါတယ်”လို့ အန်းဒရစ်ခ်က ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #ရီးရဲလ်မက်ဒရစ် #အပြောင်းအရွှေ့ အန်းဒရစ်ခ်