ရှေ့သို့
Image

ဆန်ချိုကို အသုံးချပြီး ရာဖင်ဟာကို ခေါ်ယူဖို့ စီစဉ်နေတဲ့ ယူနိုက်တက်

11:24 AM, 20 December

သရဲနီတွေဟာ ရာဖင်ဟာကို ခေါ်ယူနိုင်ဖို့အတွက် အသင်းမှာ လူပိုဖြစ်တေဲ့ ဆန်ချိုကို စပိန်သို့ စေလွှတ်ဖို့ အဆင်သင့်ရှိနေပါတယ်။


တန်ဟက်နှင့် ပြဿနာတက်ပြီး အဆင်မပြေဖြစ်နေတဲ့ ဆန်ချိုကို ဇန်နဝါရီတွင် ရောင်းချရန် ယူနိုက်တက်က ဆန္ဒရှိနေပါတယ်။ အင်္ဂလန်ကြယ်ပွင့်ဟာ စက်တင်ဘာ ၃ ရက်နေ့ရဲ့ ပွဲထွက်လူစာရင်းကနေ ထုတ်ပယ်ခံရပြီးနောက် နည်းပြရဲ့ သူ့အပေါ် ဆက်ဆံပုံကို ဝေဖန်ခဲ့ပြီးကတည်းက ပွဲထွက်ခွင့် မရရှိခဲ့တာဖြစ်ပါတယ်။

တန်ဟက်အား တောင်းပန်ရန် ငြင်းဆိုခဲ့တဲ့ ဆန်ချိုဟာ လက်ရှိတွင် ပထမအသင်း လေ့ကျင့်ရေးမှ ပိတ်ပင်ခံထားရပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ အသက် ၂၃ နှစ်အရွယ်ကစားသမားကို စိတ်ဝင်စားခဲ့တာဖြစ်သော်လည်း ခေါ်ယူရန် ပြိုင်ဆိုင်မှုကနေ ထွက်သွားပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိပါတယ်။

လိုက်ပ်ဇစ်၊ ဒေါ့မွန် နှင့် ဆော်ဒီက ကလပ်တွေကသာ ဖြစ်နိုင်ခြေရှိတဲ့ နေရာများအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ ဒါပေမယ့် စပိန်သတင်းစာ SPORT ရဲ့ ထင်ကြေးပေးချက်အရ ဘာစီလိုနာက သူ့အတွက် ပြိုင်ဆိုင်လာနိုင်ပါတယ်။

ကတ္တလန်ဘီလူးကြီးတွေဟာ ရာဖင်ဟာကို ရောင်းချလိုနေပြီး ယူနိုက်တက်ကလည်း လိုချင်နေကာ ဆန်ချိုနှင့် ငွေသားပါဝင်တဲ့ စာချုပ်ဖြင့် လိဒ်စ်ကြယ်ပွင့်ဟောင်း အတွက် ကမ်းလှမ်းလိုနေတာဖြစ်ပါတယ်။ သို့သော်လည်း ဘရာဇီးသားဟာ ယခုရာသီတွင် ပုံစံကောင်းရရှိရန် ရုန်းကန်နေရသော်လည်း လက်ရှိမှာတော့ နူးကမ့်မှ ထွက်ခွာလိုခြင်းမရှိနေတာဖြစ်ပါတယ်။

ရာဖင်ဟာဟာ လက်ရှိရာသီ ၁၆ ပွဲမှာ ၂ ဂိုးသာ သွင်းယူထားပါတယ်။ ပရီးမီးယားလိဂ်သို့ ပြန်မလာခဲ့ပါက ဆော်ဒီကလပ်တစ်ခုက သူ့ကို အရှေ့အလယ်ပိုင်းသို့ခေါ်ယူရန် စည်းရုံးနိုင်ကြောင်း အခိုင်အမာဆိုထားတာရှိပါတယ်။

အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ အရင်က ချဲလ်ဆီး၊ တော့တင်ဟမ်တို့နဲ့ ချိတ်ဆက်မှုတွေ ရှိခဲ့ဖူးတာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆန်ချို #ရာဖင်ဟာ #ပရီးမီးယားလိဂ်