ရှေ့သို့
Image

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ အာဆင်နယ်နဲ့ တွေ့ဆုံတာက မမျှတဘူးလို့ ပေါ်တိုဒုဥက္ကဌ ဘာယာ ပြောကြား

8:49 AM, 20 December

ပေါ်တိုအသင်းဒုဥက္ကဌ ဗစ်တာဘာယာက ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မှာ အာဆင်နယ်နဲ့တွေ့ဆုံနေတာက မမျှတဘူးလို့ ပြောကြားလိုက်ပါတယ်။ အာတီတာရဲ့အာဆင်နယ်အသင်းဟာ အုပ်စုပထမနဲ့နောက်တစ်ဆင့် တက်ရောက်လာနိုင်ခဲ့တာဖြစ်ပြီး ၁၆ သင်းအဆင့်မှာ ပေါ်တိုနဲ့တွေ့ဆုံနေတာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာလည်း အဆင့် ၂ နေရာက လီဗာပူးကို ၁ မှတ်ဖြတ်ပြီး ဦးဆောင်နေကာ ပေါ်တိုကတော့ အဆင့် ၃ နေရာမှာရပ်တည်နေပါတယ်။ ဘာယာက အာဆင်နယ်ရဲ့ ဘဏ္ဍာရေးတောင့်တင်းမှုဟာ အပြောင်းအရွှေ့ဈေးကွက်ကို စိုးမိုးနိုင်သလို ချန်ပီယံလိဂ်မှာလည်း ရှုံးထွက်အဆင့်ကို ပို့ဆောင်ပေးနိုင်တာ်လို့ ယုံကြည်နေပါတယ်။

“သူတို့က ပွဲတွေကို ရှုပ်ထွေးအောင်လုပ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကလည်း ဒီပြိုင်ပွဲမှာ အတွေ့အကြုံကောင်းရှိပါတယ်။ ဘယ်အသင်းကိုမှကြောက်ရွံ့နေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အကောင်းဆုံး လုပ်ဆောင်မှာပါ။ ကျွန်တော်တို့က အရမ်းကိုပြိုင်ဆိုင်လိုစိတ်ရှိသလို အဲ့လိုအခိုက်အတန့်တွေကိုလည်း နှစ်သက်ပါတယ်။ ဘာတွေပဲဖြစ်လာလာ လုပ်ဆောင်နိုင်တယ်လို့ ယုံကြည်ပါတယ်။ သူတို့(အာဆင်နယ်)မှာက လူငယ်ကစားသမားတွေများသလို အရည်အချင်းပြည့်ဝကြပြီး စုဖွဲ့မှုလည်း ကောင်းပါတယ်။ ပြီးတော့ သူတို့က ကမ္ဘာ့အကောင်းဆုံးလိဂ်တွေထဲကတစ်ခုမှာ ကစားနေကြပါတယ်။ အာဆင်နယ်မှာ လျှို့ဝှက်လက်နက်တွေရှိပါတယ်။ ကံမကောင်းတာက ကျွန်တော်တို့မှာမရှိပါဘူး။ ဘဏ္ဍာရေးအင်အား တောင့်တင်းတာကြောင့် သူတို့က ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေကို ခေါ်ယူနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီပြဿနာကို ကွယ်ဝှက်ထားမှာ မဟုတ်ပါဘူး။ မမျှတတဲ့တိုက်ပွဲလို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အကောင်းဆုံးစွမ်းဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်”လို့ ဘာယာက ပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #ချန်ပီယံလိဂ် #ပေါ်တို #ဘာယာ