ရှေ့သို့
Image

နည်းပြဟောင်း ကူးပါးနေရာမှာ တော့တင်ဟမ်နည်းပြဟောင်း နူနိုဆန်းတို့နဲ့ အစားထိုးဖို့ နော်တင်ဟမ် ဆွေးနွေးနေ

2:02 PM, 19 December

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ နည်းပြဟောင်း ကူးပါးနေရာမှာ တော့တင်ဟမ်နည်းပြဟောင်း နူနိုဆန်းတို့နဲ့ အစားထိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၁၇ နေရာမှာ ရုန်းကန်နေရတာကြောင့် ပြီးခဲ့တဲ့အပတ်တွေကတည်းက ကူးပါးတစ်ယောက် အထုတ်ခံရမယ်လို့ သတင်းကြီးနေခဲ့တာဖြစ်ပါတယ်။

နော်တင်ဟမ်ဟာ တန်းဆင်းဇုန်ရဲ့အထက် ၅ မှတ်အကွာ အဆင့် ၁၈ နေရာက လူတန်တောင်းထက် ၁ ပွဲ ပိုကစားထားကာ ပြိုင်ပွဲစုံ ၁၈ ပွဲမှာ ၃ ပွဲသာ အနိုင်ရထားခဲ့ပါတယ်။ အခုချိန်မှာတော့ အသင်းပိုင်ရှင် မာရီနာကစ်ဟာ နည်းပြနေရာမှာ ဆန်းတို့ကို ခန့်အပ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ရိုမာနိုရဲ့အဆိုအရ နော်တင်ဟမ်ဟာ ကူးပါးနေရာမှာ ဆန်းတို့ကို ခန့်အပ်ဖို့ ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားကာ ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။ အယ်လ်-အီတီဟက်ကနေ အထုတ်ခံခဲ့ရပြီးနောက် နိုဝင်ဘာလကတည်းက ဆန်းတို့ဟာ အလုပ်လက်မဲ့ဖြစ်နေတာဖြစ်ပါတယ်။

ဝုဗ်၊ တော့တင်ဟမ်တို့မှာ ကိုင်တွယ်ဖူးတာကြောင့်  အင်္ဂလိပ်ပရိသတ်တွေက ဆန်တိုကိုကောင်းကောင်းသိကြတာဖြစ်ပြီး တော့တင်ဟမ်မှာတော့ အနည်းငယ်ပဲ ကိုင်တွယ်ခဲ့ရပြီး ၁၇ ပွဲမှာ ၈ ပွဲသာ အနိုင်ရခဲ့ပါတယ်။ ဆန်းတို့ဟာ ယခင်တုန်းက ရီယီုအဗီ ၊ ပေါ်တိုနဲ့ ဗလန်စီယာတို့ကိုလည်း နည်းပြခဲ့ဖူးတာဖြစ်ပါတယ်။

ဆွမ်ဆီးနည်းပြဟောင်း ကူးပါးဟာ ၂၀၂၁ တုန်းက နော်တင်ဟမ်ကို ပြောင်းလာခဲ့တာဖြစ်ပြီး ရလဒ်တွေဆိုးဝါးခဲ့တာ ဖြစ်ပါတယ်။ နော်တင်ဟမ်ဖောရက်စ်ဟာ လာမယ့်စနေနေ့မှာ ဘုန်းမောက်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#ကူးပါး #တော့တင်ဟမ် #အပြောင်းအရွှေ့ #နူနိုဆန်းတို့ #နောတင်ဟမ်ဖောရက်စ်