ရှေ့သို့
Image

အာဆင်နယ်နဲ့ မန်စီးတီးတို့သာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးသွားမယ်လို့ ပြတ်ပြတ်သားသား ထင်မြင်ချက်ပေးလာခဲ့တဲ့ ဂရေမီဆောင်းနက်စ်

12:42 PM, 19 December

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မဲခွဲမှု အပြီးမှာတော့ လီဗာပူးဂန္ထဝင် ဂရေမီဆောင်းနက်စ်က ဥရောပမှာ ပရီးမီးယားလိဂ်ကသာ အကောင်းဆုံးဖြစ်လို့ မန်စီးတီး ဒါမှမဟုတ် အာဆင်နယ်ကသာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးသွားလိမ့်မယ်လို့ ပြတ်ပြတ်သားသားထင်မြင်ချက်ပေးလာခဲ့ပါတယ်။

လက်ရှိချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ချေရှိတဲ့စာရင်းထဲမှာလည်း မန်စီးတီးက ရေပန်းအစားဆုံးဖြစ်နေပြီး ထိပ်ဆုံးမှာ ရပ်တည်နေကာ ကိုပင်ဟေဂင်ကတော့ အောက်ဆုံးမှာရှိတာဖြစ်ပါတယ်။ ပေါ်တိုနဲ့ ရင်ဆိုင်သွားရမယ့် အာဆင်နယ်ကလည်း ရေပန်းစားမှုစာရင်းနဲ့ နံပါတ် ၄ နေရာမှာ ရှိနေပြီး မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ်တို့က အုပ်စုအောက်ဆုံး အဆင့်တွေနဲ့ ပြိုင်ပွဲမှထွက်ခွာသွားတာကြောင့် မန်စီးတီးနဲ့ အာဆင်နယ်တို့သာ အင်္ဂလိပ်အသင်းတွေအဖြစ် ကျန်ရှိတော့တာဖြစ်ပါတယ်။

ရာသီအစ အုပ်စုအဆင့်တွေမှာကတည်းက မန်စီးတီး၊ ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်နဲ့ အာဆင်နယ်တို့က ဗိုလ်စွဲဖို့ရေးပန်းအစားဆုံး အသင်းတွေအဖြစ် အစဉ်လိုက်ရပ်တည်နေခဲ့ကြပြီး ယခုအခါမှာလည်း မပြောင်းလဲဘဲ ဆက်လက်ရပ်တည်နေကြတာဖြစ်ပါတယ်။ သို့သော် ဆောင်းနက်စ်ကတော့ ပရီးမီးယားလိဂ်အသင်းတွေက ဗိုလ်စွဲဖို့ အပြတ်အသတ်သာလွန်နေတယ်လို့ ယူဆနေတာဖြစ်ပါတယ်။

ဆောင်းနက်စ်က “ကျွန်တော် ဘိုင်ယန်ပွဲတွေကို အမြဲတမ်းစောင့်ကြည့်လေ့ရှိပါတယ်။ သူတို့က အနိုင်ရဖို့ကို အမြဲတမ်းကြိုးစားနေကြပါတယ်။ ရီးရဲလ်မက်ဒရစ်လည်း အတူတူပါပဲ။ အင်တာမီလန်နဲ့ အက်သလက်တီကိုတို့ကလည်း ရာသီအစကတည်းက တောက်လျှောက်အနိုင်ယူဖို့ပြင်ဆင်နေတဲ့အသင်းတွေပါ။ အခုကျွန်တော်ပြောမယ့်ဟာက ပရီးမီးယားလိဂ်အတွက် ကြီးမားတဲ့ ချီးကျူးမှုတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပေမယ့် စပိန်၊ အီတလီ၊ ဂျာမနီဦ ပြင်သစ်ဘောလုံးလောကတွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ရှိပါတယ်။ သူတို့တွေက ကျွန်တော်တို့လောက် နီးနီးကိုမကောင်းပါဘူး။ သူတို့မှာပြင်းထန်မှုမရှိသလို ကျွန်တော်တို့ကစားသမားတွေလို စိတ်အားထက်သန်မှုရော ရှိပါ့မလားမသေချာပါဘူး။ လက်ရှိချန်ပီယံလိဂ်မှာတော့ ကျွန်တော်တို့မှာအကောင်းဆုံး အသင်းတွေရှိနေပါပြီ။ အာဆင်နယ်နဲ့ မန်စီးတီးတို့ပါ။ ကျွန်တော်တို့က အထူးချွန်ဆုံးနဲ့ လူကြိုက်အများဆုံး အသင်းတွေရှိနေတဲ့ ပရီးမီးယားလိဂ်ပါ”လို့ပြောကြားခဲ့ပါတယ်။

လာမယ့် ၂၀၂၄ ဇွန်လ ၁ ရက်နေ့မှာ ကျင်းပမယ့်ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဝင်ဘာလေမှာ ကစားသွားရမှာမှာဖြစ်ပြီး အင်္ဂလိပ်အသင်းတွေပဲ တက်ရောက်နိုင်မယ်ဆိုရင်တော့ အစစအရာရာ အဆင်ပြေနေမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် အင်္ဂလိပ်အသင်းအချင်းချင်းတွေ့ဆုံခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ၃ ကြိမ်အထိရှိခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ချဲလ်ဆီး၊ ၂၀၁၉ ခုနှစ်မှာ တော့တင်ဟမ်နဲ့လီဗာပူး၊ ၂၀၂၁ ခုနှစ်မှာ ချဲလ်ဆီးနဲ့ မန်ချက်စတာစီးတီးတို့ဖြစ်ကြပါတယ်။

#လီဗာပူး #မန်စီးတီး #အာဆင်နယ် #ချန်ပီယံလိဂ် #ဆောင်းနက်စ်