ရှေ့သို့
Image

မာတီနယ်လီကို လက်ဝှေ့ရမ်းပြခဲ့တာဖြစ်ပြီး ကွင်းလယ်ဒိုင်ကို ရမ်းပြခဲ့တာမဟုတ်ဘူးလို့ အာတီတာ အခိုင်အမာဆို

2:15 PM, 18 December

စနေနေ့က ဘရိုက်တန်ကို အနိုင်ရခဲ့တဲ့ ပွဲအတွင်း ၄ ကတ်မြောက် အဝါကတ်ပြသခံခဲ့ရပြီးနောက် အာဆင်နယ်နည်းပြ အာတီတာက သူ့အနေနဲ့ မာတီနယ်လီကို လက်ဝှေ့ရမ်းပြခဲ့တာဖြစ်ပြီး ကွင်းလယ်ဒိုင်ကို မဟုတ်ဘူးလို့ အခိုင်အမာဆိုလိုက်ပါတယ်။

အာဆင်နယ်ဟာ ဘရိုက်တန်ကို အိမ်ကွင်းမှာ ဂျီးဆပ်စ် ၊ ဟားဗက်ဇ်တို့ရဲ့ဂိုးတွေနဲ့ အနိုင်ရခဲ့တာဖြစ်ပေမယ့် အာတီတာကတော့ ဒီရာသီ ၄ ကတ်မြောက်အဝါကတ်ကို ပြသခံခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်စတား ဆာကာကို ဘရိုက်တန်တောင်ပံကစားသမား မီတိုမာပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် အာတီတာက ကွင်းစည်းဘေးကနေ လက်ဝှေ့ရမ်းခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ကွင်းလယ်ဒိုင်က အဝါကတ်ပြသခဲ့ပြီး အာတီတာက သူ့အနေနဲ့ လက်ဝှေ့ရမ်းခဲ့တာက ဒိုင်ကိုမဟုတ်ပဲ မာတီနယ်လီကိုပြခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“နိုး ကျွန်တော် မာတီနယ်လီကို လှမ်းခေါ်နေတာပါ”လို့ အာတီတာက ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ အာတီတာဟာ ဂျီးဆပ်စ် ၊ ကိုင်ဟားဗက်ဇ်နဲ့ ဘန်ဝှိုက်တို့ပြီးနောက် အဝါကတ်အများဆုံးရတဲ့သူဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် နယူးကာဆယ်နဲ့ပွဲက ပြောစကားကြောင့် အာတီတာက အရေးယူခံရနိုင်ပေမယ့် လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။
အာတီတာက ဘရိုက်တန်ကို အနိုင်ကန်ပြီး အမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်နိုင်လို့ ဝမ်းသာနေပါတယ်။ “ကျွန်တော်တို့ ပထမပိုင်းမှာ ကန်ချက် ၁၅ ကြိမ်လောက်ရှိခဲ့ပါတယ်။ အဲ့တာက အများကြီးပါ။ ကျွန်တော်တို့ ဆက်လုပ်ခဲ့ပါတယ်။ ဂိုးရှေ့မှာ တိကျမှုမရှိခဲ့တာကြောင့်သာ လွဲချော်ခဲ့တာပါ။ တကယ့်ပြောင်မြောက်တဲ့စွမ်းဆောင်ရည်ပါ။ အစကနေ အဆုံးအထိ ကြည့်ရတာပျော်ဖို့ကောင်းပါတယ်။ ဒီလိုအသင်းကောင်းတွေနဲ့ကန်ရတက ပျော်စရာပါ။ အနိုင် ၃ မှတ်နဲ့ ကျွန်တော်တို့ ထိုက်တန်ခဲ့ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

#အာတီတာ #အာဆင်နယ် #မာတီနယ်လီ #ပရီးမီးယားလိဂ်